တခါတလေ ကိုယ့်ကံကိုယ် အံ့ဩမိတယ်။ အရာရာဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အံ့ဝင်ဂွင်ကျပဲ။ အမေထည့်ပေးထားတဲ့ အကျီအိတ်ကလေးကို ကိုင်ပြီး ကိုကြီးအိမ်ကို ရောက်ခဲ့တယ်။ ဖြစ်ချင်တော့ အခန်းပိုမရှိနေဘူး။ အဲ့တာကြောင့် ကိုကြီးအခန်းမှာပဲ တူတူအိပ်ရဖို့ ဖြစ်လာတယ်။ ကိုကြီးကတော့ အားနာထင်ရဲ့ ကျနော်ကို ခုတင်ပေါ်အိပ်ဖို့ပြောတယ်။ ကျနော်ကတော့ အလိုက်ကန်းဆိုးသိစွာနဲ့ပဲ မအိပ်ပဲ ကြမ်းပြင်မှာပဲ အိပ်ပါရစေပြောတာ။ ကိုကြီးကတော့ အေးတယ် ဘာညာပေါ့။ ရပါတယ်ပဲပြောပြီး ကြမ်းပြင်မှာပဲ အိပ်ဖို့ပြောတော့ ကိုကြီးလဲ မပြောတော့ဘူး။
ကိုကြီးရဲ့ အိမ်နောက်ကနေကြည့်ရင် ကျနော့်အိမ်ကို နောက်ကျောကနေမြင်ရတယ်။ ကိုကြီးက အမေနဲ့အဖေနဲ့ အတူနေတာ။ အကိုတစ်ယောက်ရှိတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံသားခံယူပြီး နိုင်ငံခြားမှာပဲနေတယ်။ ကိုကြီးရဲ့အဖေက ခပ်တည်တည်နဲ့ကြောက်စရာနည်းနည်းကောင်းတယ်ဆိုပေမယ့် အမေကတော့ သဘောကောင်းတယ်။ အရာရာလိုလေသေးမရှိအောင် ထားတယ်။ အိမ်ချင်းနီးတာဆိုတော့ အမေက အဝတ်အစားကို အများကြီးမထည့်ပေးလိုက်ထင်တယ်။ အိတ်က ပေါ့ပေါ့ပါးပါးပဲ။ နေ့လည်စာစားတော့ ကိုကြီးမရှိဘူး။ သူ့အဖေအမေနဲ့ပဲစားရတယ်။ ပထမဆုံးနေ့ဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့မို့ ထမင်း သုံးပန်းကန်လောက်ပဲ စားလိုက်ရတယ်။
ညနေ ကိုကြီးပြန်ရောက်လာတယ်။ တစ်အောင့်နားပြီး စာသင်တယ်။ ညစာ တူတူစားကြတယ်။ မိသားစုလိုက်။ စာဆက်ကြည့်တယ်။ ည ၁၀နာရီလောက်ကြတော့ အိပ်မလို့လုပ်တယ်။ ကိုကြီးရော ကိုကြီးအမေကပါ စာကို ၁၀နာရီထက် နောက်ကျပြီးပေးမကြည့်ဘူး။ အိပ်ချိန်မှာ အိပ်သင့်တယ်လို့ ပြောတယ်။ ကျနော်ကလဲ စာကို ပုံမှန်လုပ်တက်ပြီး စာလဲရတာကြောင့်ပါမှာပေါ့။
အခန်းထဲရောက်တော့ ကိုကြီးက အဝတ်ထည့်ဖို့ ကော်ပုံးတစ်ပုံးပေးတယ်။"မင်း အဝတ်တွေ ဒီထဲထည့်ထားပေါ့ နေမျိုး"
"အော် ရပါတယ် အိတ်ထဲထားလဲ" လို့ပြောလိုက်ပေမယ့် ပုံကို ယူလိုက်တယ်။
အိတ်ထဲကနေ ပုံးထဲပြောင်းထည့်မလို့ အဝတ်တွေကို အိတ်ထဲကနေဆွဲထုတ်လိုက်တယ်။ အဝတ်အိတ်ထဲကနေ အကျီတွေ ဘောင်းဘီတွေ ကြားမှာ ညှပ်ထားတဲ့ အောက်ခံဘောင်းဘီတစ်ထည်က အောက်ကိုထွက်ကျတယ်။ အပြာရောင်လေး။ ဟာ! အမေ အပြာရောင်လေးကို မှားပြီး ထည့်ပေးလိုက်တယ်။ ကျနော် ကျွတ်ကျွတ်အိတ်အကြည်လေးနဲ့ထည့်ထားတာကို ဘာလို့ထုတ်ပြီးထည့်ပေးလိုက်မှန်းမသိ။ အဝတ်ထည့်မယ်ဆိုတော့ ကိုယ့်ဟာကိုယ်ထည့်မယ် မပြောပဲ စိတ်ချမ်းသာသလို ထည့်ပါစေဆိုပြီး မကြည့်ပဲ ထားခဲ့တာက အမှားတစ်ခုပဲ။
VOCÊ ESTÁ LENDO
အပြာရောင် အရေးအသားများ (18+)
Contoလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်