နှစ်ယောက် တစ်ကမ္ဘာ -၃ 18+

6.9K 70 1
                                    

(A/N-ဒီအခန်းနဲ့ နောက်တစ်ခန်းက sexကိစ္စနည်းနည်းပါတယ်။ ပထမတော့ ယဉ်‌ယဉ်ကျေးကျေး ပြန်မလို့ပါပဲ။ ဒါပေမယ့် ဒဲ့ပြန်လိုက်တာ ပိုပြီး ယဉ်ကျေးရာကြမယ်လို့ ယူဆပြီး ဒဲ့ပဲ ပြန်လိုက်ပါတယ်။)
------------------------------
"အဒမ်"
စတိဗ် နိုးလာတော့ အဒမ်ကို ခေါ်ကြည့်တယ်။ အိပ်ခန်းထဲမှာ မရှိ။ အဒမ်က သူ့ကို မပြောပဲ ဘယ်တော့မှ အပြင်သွားလေ့မရှိဘူး။ စတိဗ် အိပ်ယာပေါ်က ခုန်ဆင်းပြိး ပန်ဟောက်ထဲကို ပတ်ကြည့်တယ်။ ရေချိူခန်းက ရေသံကြားတော့ ရပ်လိုက်တယ်။ အခန်းတံခါးကို ဖွင့်လိုက်တော့ အဒမ့်ကို ရေချိုးဇလုံထဲမှာတွေ့တယ်။ မျက်လုံးတွေမှိတ်ပြီး သီချင်းကို သံကုန်ဖွင့်ပြီး နားထောင်နေတယ်။ ရေက ကြည်နေတာမို့ သူ အကုန်လုံးကို မြင်နေရတယ်။
"အန်း"

အဒမ် မျက်လုံးဖွင့်တော့ စတိဗ်ကို ရုတ်တရပ်မြင်လိုက်ပြီး ခုန်ထွက်မိတော့မလိုဖြစ်တယ်။ သူ အုပ်နားကျပ်ကို ချက်ချင်းကောက်ဖယ်လိုက်ပြီး လက်နှစ်ဖက်ကို ရေထဲထည့်ပြီး ဖုံးကွယ်လိုက်တယ်။

"အာ့ ဟိုင်း။ မကြားလိုက်မိဘူး။ စော်ရီး"

"ရတယ်။ ခုမှ နိုးတာ မင်းကို မမြင်မိလို့"

"ဟုတ်တယ်‌ စော်ရီး သီချင်းလေးနဲ့ ငြိမ့်မလို့ စိတ်ကူးပေါ်လာတာနဲ့။ စော်ရီး မင်းကို လန့်သွားစေဖို့ မရည်ရွယ်ပါဘူး"

"မင်း ဘာတွေ နားထောင်နေတာလဲ"

"Muse နားထောင်ချင်လား"

စတိဗ်က ခေါင်းခါလိုက်တယ်။ "ဟင့်အင်း မထောင်တော့ဘူး။ အိပ်ယာထဲ ပြန်သွားတော့မယ်။ အေးဆေး ငြိမ့်ကျန်ခဲ့တော့"

"ခနနေရင် လာခဲ့မယ်။ ဘာမှ မပူနဲ့"

စတိဗ်က အိပ်ခန်းထဲ ပြန်သွားပြီး တီဗီအကြီးကြီးကို ဖွင့်လိုက်တယ်။ သူကြုံရာ အချစ်ဇာတ်ကားတစ်ခုကို ဖွင့်ကြည့်တယ်။ သူကြည့်တဲ့ကားက ကောင်းပေမယ့် အဒမ် ဝန်မခံချင်ဘူး။ ရုပ်ရှင်ကြည့်ရင်း တနေရာအရောက်မှာ သူ ငို‌ချင်သလိုတောင် ဖြစ်ဖူးတယ်။ ဒါပေမယ့် မငိုပါဘူး။ အဒမ်က သူ့ဘေးမှာရှိနေတော့ ရှက်ဖို့ကောင်းလို့။

"ဟေး" အဒမ်က ခနနေတော့ ထွက်လာတယ်။ ပုခုံးပေါ်မှာ တာဝါတင်ထားပြီး ဘက်စကတ်ဘောဘောင်းဘီတိုကို ဝတ်ထားတယ်။ ရေစိုနေသေးတာမို့ အိပ်ယာပေါ်ကိုတော့ မတက်ဘူး။ ဒါပေမယ့် ရေစိုနေတဲ့ ဆံပင်အနက်တွေကို ဟိုခါဒီခါလုပ်ပြီး စတိဗ်ကိုပါ ရေတွေစင်တယ်။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now