အထက်တန်းကျောင်းက အတင်းအဖျင်း (၂၂)

1.1K 24 1
                                    

ရှယ်လီ POV

ကြောက်ရွံ့မှု။

လမ်းတစ်ဖက်ကနေ ကျမအိမ်ကို ကြည့်နေမိတယ်။ ဘုရားရေ...ကျမကြောက်တယ်။ အပြင်လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆို ဒီအိမ်ဟာ သာမန်အိမ်တစ်အိမ်လိုပဲ။ ခြံစည်းရိုးဖြူဖြူနဲ့ အိမ်ပြာပြာတစ်လုံး။ အိမ်ရှေ့က မြက်ခင်းဟာ အရမ်းကြီး စိမ်းစိုမနေပေမယ့် အညိုရောင်လဲ မသန်းသေးဘူး။ ခွေးသေသွားပြီဆိုပေမယ့် ခွေးအိမ်လေးကတော့ ရှိနေဆဲပဲ။

ဟုတ်တယ်။ အပြင်လူတစ်ယောက်အတွက် ဒါဟာ သမရိုးကျအိမ်လေးတစ်လုံးဆိုပေမယ့်....ကျမအတွက်ကတော့ ငရဲလိုပဲ။

တံတွေးကို မြိုချလိုက်ပြီး ကျမလမ်းတစ်ဖက်ကို ကူးလိုက်တယ်။ အသံမြည်နေပြီဖြစ်တဲ့ ခြံတံခါးကိုဖွင့်တယ်။ အရောင်မှိန်နေပြီဖြစ်တဲ့ အိမ်တံခါးမကြီးကို ကြည့်တော့ ကျမ နှလုံးတွေ ပေါက်ကွဲမတက် ခုန်နေတယ်။ ကျမ လှည့်ပြီး ပြေးထွက်သွားလိုက်ချင်ပေမယ့် မလုပ်နိုင်ဘူး။ မတက်နိုင်ဘူး။

တခုခုက ကျမကို ဆွဲထားတယ်။ ကျမမှာလဲ တခြားသွားစရာ ဘယ်မှာရှိလို့လဲ။

တုန့်ဆိုင်းစွာပဲ ကျမ အိမ်တံခါးရှေ့မှာရပ်ရင်း တံခါးဘုကို လက်ကို ကိုင်လိုက်တယ်။ အေးစက်နေတဲ့ တံခါးဘုက လှည့်လိုက်တော့ ပူလောင်နေတယ်။

တံခါးလော့ခ်ချထားတယ်။

ကျမတံခါးလက်ကိုခွာပြီး တံခါးလက်ကိုင်ဘုကို ကြည့်တယ်။ နောက်မကျသေးဘူး။ ကျ‌မလှည့်ပြီး ထွက်သွားလို့ရသေးတယ်။ အိမ်ခြေမဲ့တွေကို အကူအညီပေးတဲ့ နေရာကို ကျမ သွားလို့ရတယ်....ဒါပေမယ့်...အဲ့တာမျိုးဘဝကို ကျမ မလိုလားဘူး။ မမွေးသေးတဲ့ ကလေးအတွက် ဒီလိုဘဝမျိုးကို ကျမမပေးချင်ဘူး။

ကျ‌မ ပတ်တာအိတ်ထဲက သော့ကိုယူပြီး သော့ပေါက်ထဲထိုးထည့်လိုက်တယ်။ မျက်လုံးကို မှိတ်ပြီး သော့ကို လှည့် တံခါးကို ဖွင့်လိုက်တယ်။ ကျမ မျက်လုံးတွေကို ဖွင့်လိုက်တယ်။ တံခါးကနေ ကျွိဆိုတဲ့အသံမြည်လာတယ်။ တဖြေးဖြေးပဲ အိမ်ထဲကိုဝင်ပြီး ရင်းနှီးနေပြီးသား ပတ်ဝန်းကျင်မှာ အဖေ့ရဲ့ အရိပ်ယောင်ကို ရှာကြည့်တယ်။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now