နောက်ထပ် သုံးလလောက် ပိုးစိုးပက်ဆက် လိင်ဆက်ဆံခဲ့ကြပေမယ့် အဒမ်နဲ့ စတိဗ်က အတွဲတွေ မဟုတ်ဘူး။ တခါတလေဆို နေ့ဘက်တွေမှာ အကြိမ်ရေများစွာလုပ်တယ်။ သူတို့က လူတွေ မကျန်တော့တာမို့ ဒီလိုသာယာမှုအတွက် တစ်ယောက်နဲ့တစ်ယောက် လိင်ဆက်ဆံဖို့ဖြစ်လာရတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ။
ဒါပေမယ့် သူတို့က အရင်ကအတိုင်းပဲ။ သူတို့တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေလို ချစ်နေကြတာမဟုတ်ပေမယ့် သာမန်အချစ်ဆုံးသူငယ်ချင်းတွေထက် ပိုပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတယ်။
ဒါမှမဟုတ် သူတို့အချစ်ကို ငြင်းဆန်နေကြတာလား။
-++++++++++++++-
စတိဗ်က ကားကို စက်နှိုးတယ်။ ဒေါသထွက်နေတဲ့ နဂါးတစ်ကောင်လိုမျိုး စက်သံထွက်လာတယ်။ သူ့ရှေ့က ရှည်လျားတဲ့လမ်းပေါ်ကို အရှိန်ပြင်းပြင်းနဲ့ စမောင်းတယ်။ သူ အာရုံကို စူးစိုက်ပြီး အရှိန်ကို ထပ်တင်တယ်။ သူ တစ်နာရီ မိုင်ရှစ်ဆယ်လောက်ရောက်ခါနီးတော့ အဒမ်က ဘေးက ပေါ်လာတယ်။ သူ့ကို ဟွန်းတီးပြီး လက်ခလယ်ထောင်ပြီး ဖြတ်ကျော်သွားတယ်။
သူတို့ နေဝင်ခါနီးအချိန်ထိ ကားကို ပြိုင်မောင်းတယ်။ သူတို့ တောက်ပတဲ့မီးရောင်တွေနဲ့ ကြော်ငြာဆိုင်းပုဒ်တွေ လင်းထိန်နေတဲ့ မြို့လယ်မှာ ကားရပ်တယ်။ အဒမ်က သုကားထဲက အရင်ထွက်လာပြီး ရယ်တယ်။
"ကောင်းပ" စတိဗ်က ကားပေါ်က ဆင်းဆင်းချင်းပြောလိုက်တယ်။
"ချစ်တယ်" အဒမ်က မြန်မြန်ပြောပြီးတာနဲ့ သူ့ဆီပြေးလာပြီး သူ့ကိုဆွဲယူပြီး စိတ်လိုလက်ရ နမ်းတယ်။
"ချစ်တယ်"
"အိမ်ပြန်ပြီး ပျော်ပါးကြမလား"
"မသိဘူး။ အိမ်ပြန်ပြီး ငါ့ကို လက်ခလယ်ထောင်ပြအုန်းမို့လား"
"ဟုတ်တယ်။ လက်ခလယ်ပါ သုံးပေးမှာ"
"ငါလဲ မင်းအကွက်ထဲပဲ ရောက်ရောက်သွားတယ်။" စတိဗ်က ဗလုံးဗထွေးနဲ့ပြောပြီး ကားထဲ ပြန်ဝင်သွားတယ်။
"မင်းက ချစ်ဖို့ကောင်းတာကို မတက်နိုင်ဘူး" အဒမ်က ကျယ်ကျယ်အော်ပြောတယ်။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်