အထက်တန်းကျောင်းက အတင်းအဖျင်း (၁၇)

1.6K 59 5
                                    

အီဗန် POV

ကျနော် ဒဲရက်ရဲ့ လက်မောင်းထဲမှာ နွေးထွေးစွာ နိုးထလာတယ်။

ပထမတော့ ကျနော် မသေမချာဖြစ်နေသေးတယ်။ ကျနော် အိမ်မက်မက်နေသေးတာလား ဘာလားပေါ့။ အိမ်မက်ထဲမှာသာ ဒဲရက်က ကျနော့်ကို ဒီလို ကြင်ကြင်နာနာဖက်ထားမှာ။ ကမ္ဘာပေါ်မှာ သဘာဝအကျဆုံးအရာတစ်ခုလိုမျိုး။

ပြီးတော့ ကျနော် ညက အဖြစ်ကို သတိရသွားတယ်။

အရာအာလုံးက ရေလှိုင်းတွေလို ပြန်ရောက်လာတယ်။ ပြောခဲ့သမျှစကားလုံးတွေ၊ လုပ်ခဲ့သမျှ အပြုအမူတွေရော။ ဒဲရက်နဲ့ ကျနော် မနေ့ညက လုပ်ခဲ့သမျှတွေရဲ့ ပုံရိပ်တွေ စိတ်ထဲ ပေါ်လာတော့ ကျနော့်မျက်နှာက ရဲတွတ်သွားတယ်။ စဉ်းစားလိုက်ရုံနဲ့တင် ကျနော့် ခန္ဓာကိုယ်က ပူနွေးသွားတော့တယ်။

ကျနော် ‌သူ မနိုးသွားအောင် ဖြေးဖြေးလေး သူ့အောက်ကနေထွက်ပြီး ကျနော့်ကိုယ် ကျနော် ထူထလိုက်တယ်။ အီဗန်က အိပ်နေရင်းနဲ့ မပီမသစကားလုံးတွေ ရေရွတ်နေတယ်။ မျက်မှောင်ကြီးကုတ်ပြီး နှုတ်ခမ်းက မှုတ်ထုတ်နေတယ်။ သူက မျက်လုံးတွေတော့ မဖွင့်ဘူး။ အိမ်မက်ကို ဆက်မက်နေဆဲမို့ မျက်လုံးတွေပိတ်ထားတယ်။

ယောင်္ကျားလေးတစ်ယောက်က တစ်ခြားယောင်္ကျားလေးတစ်ယောက်ကို မိန်းကလေးတစ်ယောက်လောက် မချစ်နိုင်ဘူးဆိုတာကို ပြောခဲ့တဲ့ ဘယ်သူပဲပဲ သူတို့... မှားတယ်။ ဘာလို့လဲဆိုတော့ ဒီအိပ်နေတဲ့ကောင်လေး...မဟုတ်‌သေးဘူး အိပ်နေတဲ့ယောင်္ကျားလေးအပေါ်ထားရှိတဲ့ ကျနော့်ရဲ့ ချစ်တယ်ဆိုတဲ့ခံစားချက်က အကြွင်းမဲ့ပဲ။ ကျနော်တို့ နှစ်ယောက်လုံး ကြိုက်ကြိုက် မကြိုက်ကြိုက် သူက ကျနော့်ကမ္ဘာကြီးရဲ့ ဝင်ရိုးဖြစ်လာခဲ့ပြီ။ အစားထိုးလို့မရတဲ့ သူတစ်ယောက်ပေါ့။ ကျနော် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာက ရယ်စရာကောင်းရလောက်အောင်ပဲ။

အဲ့ဒီအချစ်နဲ့အတူ အကြောက်တရားက ဖြစ်လာတယ်။

ကျနော်တို့ လုပ်ခဲ့တာနဲ့ပတ်သတ်ပြီး သူက နောင်တမရဘူးလို့ ပြောခဲ့ပြီးပါရော ဒါပေမယ့် ဒဲရက်နဲ့ဆို...ကျနော် သူ့စကားတွေကို ယုံလို့မရဘူး။ သူက တဇွတ်ထိုးနိုင်လွန်းတယ်။ မနေ့ညကလို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလဲ သိပ်ကို လောလွန်းတယ်။ သူ ဝန်မခံခဲ့ဖူးပေမယ့် သူ အဲ့လိုကိစ္စတွေမှာ နောင်တရတာနဲ့ ကြုံနေကြ။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now