Unicode - 7

25.6K 2.2K 145
                                    

မန္တလေးမြို့၏ ဇူလိုင်လလယ်ဟာ ဂိမှာန် ခြုံလွှာကို မချွတ်နိုင်သေး။ မိုင်ပေါင်းများစွာ ဖြန့်ကျက်ထားသော အပူထုကြောင့် အပြင် ဝန်းကျင်ဟာ တူးတူးခါးခါး ပူနေတုန်းပင်။

ဝေယံတို့ ရှိရာ နှစ်ထပ်အိမ်ကြီး၏ အောက်ထပ်ရှိ စာဖတ်ခန်းကြီးကတော့ လေအေးပေးစက်ကြောင့် အပူရှိန် မရှိဘဲ အေးစိမ့်နေသည်။
    
"ဘာလို့ စာ မဖတ်ချင်တာလဲ၊ နည်းနည်းလေး ဖြစ်ဖြစ် . . ဖတ်ကြည့်စမ်းပါ"
    
ပြတင်းပေါက်မှ တစ်ဆင့် အပြင် ကမ္ဘာကို လှမ်းကြည့်လိုက်ချင်သည်။ ဦးနှောက် အတွင်းရှိ အာရုံကြော ဆဲလ်တွေလို ပူလောင်နေမလား။ မဖြစ်နိုင်။ မြင်ကွင်း ရှေ့မှာ စာအုပ်စင်ပေါင်း များစွာက အခန့်သား ပိတ်ကွယ်နေကြသည်။ ဟိုမှ၊ ဒီမှ အရာအားလုံးဟာ စာအုပ်များသာ ကြီးစိုးနေသည်။

"ဘယ်လောက် ခိုင်းခိုင်း . . လုံးဝကို မဖတ်ချင်တာ"

အဖြေက လုံးဝဥဿုံ စိတ်ပျက်စရာ။

ပုံမှန်ဆို ဝေယံ၏ စားပွဲပေါ်မှာ စာအုပ် အနည်းစုသာ ရှိတတ်သည်။ ဒီနေ့တော့ အပုံလိုက်၊ အထပ်လိုက် စုနေသည်။ စာအုပ်တွေ ရှုပ်ပွရသည့် အကြောင်းအမှန်ကို ပြန်စဉ်းစားကြည့်ပါက တကယ်ကို ဒေါပွစရာ။

"ဒီစာအုပ် ဘယ်လိုလဲ၊ သိပ္ပံ စိတ်ကူးယဥ် ဝတ္ထု . ."

"ကျွန်တော်က ဂျပန်မှာ နေလာတာနော်၊ စက်ရုပ်တွေ လိုက်ပြဖို့ လိုသေးလား"

"အချစ် လုံးချင်း"

"ဇာတ်လိုက် မင်းသားနဲ့ မင်းသမီးရဲ့ သောက်ကျိုးနည်း အချစ် ဇာတ်လမ်းကြီးကို ဖတ်ရမှာလား"

"ပညာပေး ပုံပြင် . ."

"ပုံပြင် ဖတ်ရအောင် . . သုံးနှစ်သားလား"

"ရသ စာပေ"

"ရူးကြောင်ကြောင်တွေဗျာ"

"ရှေးဟောင်း သမိုင်းကြောင်း . ."

"ဝါး . . အိပ်ချင်လိုက်တာ"

ပြဿနာကတော့ ဒါပါပဲ။

နောက်ဆုံးတော့ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံရေးလို ဖြစ်နေသည့် နေသူရိန်မင်းခန့်နှင့် စာအုပ်တွေ၏ အခြေအနေကြောင့် ဝေယံ အလံဖြူ ပြလိုက်ရတော့သည်။

SUN { Season 1 }Where stories live. Discover now