Unicode - 25

14.8K 1.2K 142
                                    

အချိန် ဘယ်လောက် ရှိနေသလဲ သတိမထားမိတော့။
ဤနေရာတွင် မတ်တတ်ရပ်နေခဲ့မိတာ အတော် ကြာပြီ။

ရေကူးကန် မျက်နှာပြင်၌ ဂယက်ဝိုင်းကလေးများ လှုပ်ခတ်နေသည်။ လေ အဝှေ့ဒဏ်ဖြင့် ငုဝါပင်များ ယိမ်းသွားသည်။ ပန်းချုံပင်ကလေးများ ငိုက်ခနဲ၊ ငိုက်ခနဲ။ မျက်စိတစ်ဆုံး နက်ရှိုင်း ကျယ်ပြန့်သော ကောင်းကင်ပြင်တွင် ကြယ် မရှိ။ မိုးက ခပ်စိပ်စိပ် ရွာနေသည်။

ဇူလိုင် တစ်ဆယ့်ကိုး ရက် . . . ။
    
ည ရှစ် နာရီ ကျော်ကျော်တွင် မိုးများ ကြာမြင့်စွာ ရွာနေခြင်းဟာ ဘယ်သူ့အတွက်မှ အံ့သြ ဆန်းကြယ်စရာ မကောင်း။ ထို့အတူ ရေကူးကန် ရှေ့တည့်တည့်၌ ကြာမြင့်စွာ မတ်တတ်ရပ်နေသော လူငယ် တစ်ယောက်၏ မျက်လုံး အစုံတွင် မျက်ရည်များ စုအိုင် လိမ့်ဆင်းကျနေခဲ့ပါက ဘယ်သူမှ ဂရုစိုက်မိမှာ မဟုတ်။

ယနေ့က နေသူရိန်မင်းခန့်၏ မွေးနေ့ ဖြစ်သည်။

ဤအိမ်ကြီးတွင် လာရောက် အလည်လာကြသော နေသူရိန်မင်းခန့်၏ သူငယ်ချင်းများ၊ သီးသန့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ချစ်စဖွယ် ကောင်းအောင် ပြင်ဆင်ထားသော မိန်းကလေးများ။ အားလုံးသည် သူတို့၏ ရောင်စုံ ကမ္ဘာထဲမှာ ပျော်ရွှင်စွာ တည်ရှိနေကြသည်။

ဝမ်းနည်း ထိရှခြင်း ဟူသော အထီးကျန် ကမ္ဘာထဲတွင် တစ်ကိုယ်တည်း ရောက်နေသူက ဝေယံပဲ ဖြစ်သည်။ နစ်မျောနေသော အတွေးများကို ဝင်ရောက် နှောင့်ယှက်မည့် သူ မရှိ။ နာကျင်နေသော နှလုံးသားကို ထွေးပွေ့ နှစ်သိမ့်မည့် သူ မရှိ။ တစ်ကိုယ်တည်း အသည်းခိုက်စွာ ရပ်ငေးနေရသည်။

နေသူရိန်မင်းခန့်

နေမင်းကြီးကို တမ်းတလိုက်သည့်အခါ ဝေယံ မျက်ဝန်းက မျက်ရည်များဖြင့် ရုတ်တရက် ဝေဝါးလာပြန်သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက ဖြစ်ရပ်များအား ပြန်လည် အတွေး ရောက်မိတော့ သူနှင့် နေသူရိန်မင်းခန့် အကြား တံတိုင်း တစ်ခု ထပ်မံ ခြားနေမှန်း ဝေယံ သိလိုက်ရသည်။ နောက်ထပ် ဖြစ်ပေါ်လာသည့် တံတိုင်း တစ်ခု။

SUN { Season 1 }Where stories live. Discover now