Unicode - 43

10.9K 890 247
                                    

လက်ထပ်ပွဲ မတိုင်မီ နှစ်ရက် အလို . . ။

ဂျပန် နိုင်ငံ၊ ကျိုတိုမြို့ . . ။

ည အချိန်မို့ စံအိမ်ကြီး တစ်ခုလုံး လျှပ်စစ် မီးရောင်များဖြင့် ထိန်လင်းနေသည်။ ပြင်ပမှာ မြူနှင်း သဲ့သဲ့ ကျဆင်းနေပြီ။ ဆောင်းဦးရာသီ ဖြစ်တာမို့ ဥယျာဉ်ထဲမှ ပန်းပင်များတွင် အဖြူရောင် နှင်းစက် တချို့ တင်ကျန်နေသည်။ နှင်းစက်မှုန်များကြောင့် ပန်းပင်ကလေးများ ယိမ်းခနဲ၊ ယိမ်းခနဲ ငိုက်ကျနေကြ၏။
    
ထိုမြင်ကွင်းကို လသာဆောင် ဝရန်တာ၏ ဝင်ပေါက် မှန်တံခါးမှ တစ်ဆင့် နေသူရိန်မင်းခန့် ဖောက်ထွင်း မြင်နေရသည်။ အိမ်ကြီး၏ အပေါ်ထပ် ဧည့်ခန်းမှ ခဲနက်ရောင် ဆိုဖာတွင် သူ ထိုင်နေခဲ့တာ နာရီပေါင်း များစွာ ကြာပြီ ဖြစ်သည်။ လက်ထဲမှာ ဝိုင်ခွက်။ ဂျပန် သီချင်း တချို့ပါ ဖွင့်ထားသေးသည်။ သို့သော် အာရုံ မရှိ။ ဘာဆိုဘာမှ သူ သတိမထားမိ။

ဖွင့်ထားသည့် သီချင်းရော . . ။

အပြင်မှာ ကျနေသည့် နှင်းတွေရော . . ။

မျက်နှာချင်းဆိုင်က ဆိုဖာမှာ
ထိုင်နေသည့် အာကာဟိန်းထက်ရော . . ။

ခဏ . . နေပါဦး။

အာကာဟိန်းထက်

သူက ဒီကို ဘယ်လို ရောက်လာတာလဲ

"ရှိုးပြလို့ ပြီးပြီ"

လက်ထဲက ဝိုင်ခွက်ကို နေသူရိန်မင်းခန့် စိုက်ကြည့်လိုက်သည်။ ဝိုင် တစ်စက်မှ မကျန်အောင် သူ သောက်ထားပြီးပြီ ဖြစ်သည်။ ဝိုင် တစ်ခွက်နှင့်တင် မူးရောလား။

မဖြစ်နိုင်တာ။

"ထင်ထားတဲ့အတိုင်း အလတ်ကြီး ရှိသေးတာပဲ" 

နေသူရိန်မင်းခန့် အာကာဟိန်းထက်ကို မျက်လုံး ပြူးကြည့်သည်။

"မင်း . . ငါ့အိမ်ကို ဘာလာလုပ်တာလဲ"

"သေချာလား၊ ဒါ မင်း အိမ် ဆိုတာ . ."

SUN { Season 1 }Where stories live. Discover now