အခန်း ၄

20.8K 1.4K 66
                                    

Unicode

ပြန်ရောက်တော့ Online Class နဲ့ စာသင်ရတာမို့ ကျွန်မ ဘာမှ မလုပ်န်ိုင်ပါ။ စာ‌သင်ပေးတဲ့ ဆရာက စာနဲ့ ပတ်သက်ရင် လောဘကြီးတယ်။
ရှည်ရှည်ဝေးဝေးကို ပြောနေတော့တာပဲ။ တစ်နာရီ ခွဲ လုံးလုံး ကျွန်မတို့မှာ ကင်မရာကြီး ဖွင့်ထားပြီး ဆရာ ပြောတာကို နားထောင်ရတယ်။
ကျောင်းနှစ်လ ပိတ်ပေးတာကို မနားရပါဘူး။

စာထဲ စိတ်ထည့်လို့မရပါ။

ကျွန်မ စိတ်မကောင်း ဖြစ်သွားတာကို မမရီ ရိပ်မိသွားပြီး ဖုန်းဆက်လာမလား လို့ တစ်ချိန်လုံး တွေးနေမိ ပေမယ့် မမရီကတော့ ကျွန်မကို ခေါင်းထဲမှာ ရှိသေးရဲ့လားပင် မသိပါ။
ဘေးက ဖုန်းကို စိုက်ကြည့်လွန်း၍ ဆရာကပင် ကျွန်မ စိတ်မဝင်စားမှန်း သိသွားသည်။ ဒါကြောင့် ထုံးစံအတိုင်း  စာမေးခံရသည်ပေါ့။  သင်နေတာက သွေးလွန်တုပ်ကွေးကြောင့် ဖြစ်တဲ့ ရှော့ခ်တဲ့။
ခေါင်းစဉ်ကို မှတ်မိတာတောင် တော်သေးသည်။
စာကို အာရုံစိုက်မထားတော့ ကျွန်မ ဘာမှ သေချာ မသိပါ။ ဒါပေမယ့် မ‌ဖြေနိုင်လည်း ကျွန်မ မရှက်အားပါ။

မမရီ ခဏနေ ဖုန်းဆက်လာမှာပါဟုသာ ကိုယ့်ကိုယ်ကိုယ် ပြောနေမိသည်။ ဒါပေမယ့် တွေးကြည့်တော့လည်း ဘာမှ ထွေထွေထူးထူး မဖြစ်တာပဲ။ ကျွန်မရဲ့ ကြည်လင်တဲ့ ခံစားချက်တွေကို ဖျက်‌ဆီးသွားတာ အဲ့ဒီ အမျိုးသမီးက သူကိုယ်တိုင် သိတောင်သိရဲ့လား။
သူ မဆက်ရင်လည်း ငါဆက်မယ်။
ကျွန်မ ဒီလို စဉ်းစားပေမယ့် ဆက်ရမယ့် အကြောင်းပြချက်ကလည်း မရေရာ။
သိပ်ကို ခက်တယ်။

တစ်ညလုံး အိပ်မပျော်ပါ။ နှလုံးခုန်နှုန်းက တအားကို မြန်နေပြီး အံကိုချည်း ကြိတ်ထားမိတယ်။ မျက်စိမှိတ်လိုက်တိုင်း မမရီပုံရိပ်ကို မြင်ယောင်နေမိပြီး ဘယ်လိုမှ ဖယ်ရှား၍ မရပါ။

တစ်ညလုံး အိပ်မပျော် ဆိုတဲ့ လူတွေကို အရင်က ကျွန်မ အံ့ဩခဲ့ဖူးသည်။ ကျွန်မဆို လက်ထဲကနေ ဖုန်းကို ချလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတာပဲ။
ဒါပေမယ့် ဒီနေ့တော့ အိပ်မပျော်ဘူးဆိုတဲ့ အရသာကို ကျွန်မ လက်တွေ့ သိရလေပြီ။
မမရီက ကျွန်မကို အိပ်မပျော်သည့် ညများအကြောင်း စတင် သင်ကြားပေးခဲ့သည့် လူပါလေ။

အကယ်၍သာWhere stories live. Discover now