အခန်း ၂၉

17.7K 1.2K 38
                                    

Unicode

သရပါ တံခါးကနေ ဖြတ်လာသည့်အခါ မိုးအတော်ချုပ်သွားပြီ ဖြစ်သည်။ ဆိုင်ကယ်လေးကိုပင် မီးဖွင့်မောင်းရပြီ။ အာနန္ဒာဘုရားကို လျှပ်စစ်မီးများဖြင့် ဖူးတွေ့ရ၏။ လမ်းဘေးက သပ်သပ်ရပ်ရပ် ဆိုင်လေးတစ်ဆိုင်မှာ ညနေစာ ဝင်စားကြသည်။

ဟိုတယ်ကို ပြန်ရောက်တော့ မမရီက ရေကူးဦးမလားဟု မေးသည်။
"မမရီက ရေကူးဝတ်စုံ ပါခဲ့လို့လား"

"ပါတယ်လေ။ တို့ အမြဲရေကူးနေကျကို"

"ဟင်း ကျွန်မရှိတုန်းက တစ်ခါမှ ရေကူးကန် သွားတာ မမြင်ပါဘူး"
မျက်လုံးထောင့်ကပ်ပြီး ရှုံ့မဲ့ကာ ဆိုတော့ မမရီက ကျွန်မ ခေါင်းကို ပွတ်ပါသည်။

"မင်းနဲ့ တွေ့တာ ဒီဇင်ဘာ၊ ဇန်နဝါရီလေ။ ဒီလောက် အေးတဲ့ အချိန်မှာ ဘယ်လိုလုပ် ရေကူးမလဲ"

"ဖုန်းထဲမှာလည်း ထည့်မပြောဘူးနော်။"

"မတ်လထဲ ရောက်မှ ကူးတာပါ မမချောရယ်။ ပြီးတော့ တို့က အစောကြီး သွားကူးတာ၊ တစ်နာရီလောက်ပါပဲ။ စကားမှ မစပ်မိတာကို ဘယ်ပြောဖြစ်မလဲ။"

"ဘယ်မှာ ကူးတာလဲ။ ရေကူးကန်မှာလား။ ဟိုတယ် မှာလား"

"ဟိုတယ်မှာပေါ့။ ကတ်လုပ်ထားလိုက်တာ။ ဘယ်သူမှ မရှိပါဘူး"

"ကျွန်မကို ပြ။ အဲ့ဒီ ရေကူးဝတ်စုံကို"

အသံအနည်းငယ် ကျယ်သွားသည့်အတွက် မမရီက ဂုတ်ကလေးပုကာ လက်ပိုက်ပြီး ဟန်ဆောင် ကြောက်ရွံ့သလို ပုံစံဖြင့် Luggage ပန်းရောင်ထဲကအနက်ရောင် ဝတ်စုံ နှစ်စုံကို ထုတ်လာပါသည်။

"ဒီမှာ မြင်လား အထူကြီးပဲ။ တစ်ကိုယ်လုံး ဖုံးတယ်။"

တကယ်တော့ မမရီ ပြောတာ ဟုတ်ပါသည်။ ကျွန်မက ရေကူးဝတ်စုံဆိုပြီး Two Piece ကို မြင်သွားမိတာ။ မမရီနဲ့ Swim suit နဲ့။ မဖြစ်နိုင်ပါ။ ကိုယ့်အတွေးနဲ့ ကိုယ် ပြန်ရယ်ချင်သွားပါသည်။

"တစ်ကိုယ်လုံးဖုံးလည်း ကိုယ်မှာ ကပ်နေမှာ။ မကြိုက်ပါဘူး။ ဟိုဘက်ကရော ဘာလဲ"

"ဒါက အတို။ အရှည်က တအားပူလာလို့ မနေ့က မင်းဆေးရုံက ပြန်မလာခင် မိန်းထဲမှာ သွားဝယ်ထားတာ"

အကယ်၍သာWhere stories live. Discover now