အခန်း ၂၆

17.3K 1.3K 37
                                    

Unicode

မမရီ မွေးနေ့ပြီးတော့ ကျွန်မ မေ့ထားသည့် ရက်စွဲများသည် တဖြည်းဖြည်း ရောက်ရှိလို့ လာခဲ့ပါသည်။ ကျောင်းပြန်ဖွင့်ဖို့ တစ်ပတ်သာ ကျန်တော့သည်။ တကယ်တော့ တစ်ပတ်ပင် မဟုတ်ပါ။ ပြန်ရမည့် ရက်နှင့် ကြိုသွားမည့် ရက်ကို ထည့်တွက်လျှင် လေးရက်သာ ကျန်တော့သည်။ အချိန် နှစ်‌လသည် ဒီလောက်ထိ မြန်မြန်ဆန်ဆန် ကုန်သွားမှန်း ကျွန်မ မသိခဲ့ပါ။ ဖြစ်နိုင်လျှင် ကျောင်းသွားမတက်ဘဲ မမရီနားမှာပဲ ကပ်နေလိုက်ချင်ပါသည်။ သို့သော် ဒါက ဘယ်လိုမှ ရှောင်လွဲ၍ မရသည့် ကိစ္စကြီး ဖြစ်၏။

မမရီနဲ့ ကျွန်မ ညနေတိုင်း တွေ့ဖြစ်သည်။ အဲ့ဒီအခါတိုင်း ဇော်နှင့် ထိုယောကျာ်း၏ အကြောင်းကို ထည့်မမေးမိအောင် ကျွန်မ တော်တော်ကြီး ကြိုးစားယူရပါသည်။ မမရီက အဲ့ဒီမိန်းမ သူ့အပေါ် မရိုးသားဘူးဆိုတာကို သိတာလား။ မသိတာလား။
မရိုးသားဘူးဆိုလျှင်လည်း ဘာကြောင့်များ သူက မမရီ၏ ချစ်သူနှင့်‌ ဖောက်ပြန်ရတာပါလိမ့်။ ကျွန်မမှာ မေးစရာတွေ များပေမယ့် တစ်နေ့ကလို မမရီ ငိုမှာ ကြောက်ရွံ့မိသည့်အတွက် တခြားအကြောင်းတွေကိုပဲ ရွေးချယ်ပြီး ပြောမိသည်။ ကျောင်းသွားမည့် ကိစ္စကိုတော့ မဖြစ်မနေမို့ ကျွန်မ ပြောရပါသည်။

"မမရီ ကျွန်မ ဒီစနေနေ့ကျရင် မန်းလေး သွားရတော့မှာ။ မမရီ သိတယ် မဟုတ်လား။"

"ဟင်.. အဲ့ဒီလောက် မြန်ပြီလားကွာ။ ဒီနေ့ ဘယ်နှရက်လဲ"

"၂၁ ရက်နေ့ မမရီ။
...ကျောင်းက ၂၇ ရက်နေ့ ဖွင့်မှာ၊ အဲ့ဒီတော့ ၂၆ ရက်နေ့ တစ်ရက် ပစ္စည်းသိမ်းပြီး နားဖို့အတွက် ၂၅ ရက်နေ့ သွားမှ ရမှာ"
ကျွန်မ စကားဆုံးသည့်အခါ မမရီက ထမင်းကို ဆက်မစားချင်တော့သလို ရပ်လိုက်ကာ ဖန်ဘူးထဲကနေ ရေတစ်ခွက် ငှဲ့သောက်သည်။
"ကျောင်းက ဘယ်အချိန်ပိတ်သေးလဲ"
မျှော််လင့်တကြီး ပုံစံဖြင့် မေးလာပါသည်။

"ဟင့်အင်း မပိတ်တော့ဘူး။ ဆယ်လလုံး ဆက်တိုက်တက်ရမှာ။ သင်္ကြန်ပဲ ပိတ်မယ် ထင်တယ်"

"ဟား တကယ်ပါပဲ။ တို့တွေမှာ ဒီထက် အချိန် ပိုရမယ် ထင်ခဲ့တာ။ တွေ့လို့တောင် မဝသေးဘူးကွယ်"
စိတ်ပျက်သွားသလို ထရပ်ကာ ပန်းကန်ဆေးသည့် ဘေစင်ဘေးက အမှိုက်ပုံးမှာ ထမင်းတွေကို အကုန် သွန်ပစ်လိုက်ပါသည်။

အကယ်၍သာWhere stories live. Discover now