အခန်း ၃၈

17K 1.5K 100
                                    

Unicode

ညက မမရီ၏ ရင်ခွင်ထဲမှာ ကျွန်မ လုံခြုံစိတ်ချစွာ အိပ်ပျော်သွားခဲ့သည်။ နိုးလာသည့် အချိန်သည် မနက် ၅ နာရီခွဲဖြစ်၏။ ကိုကိုက ၆ နာရီခွဲ ပြန်ပို့ပေးမည်ဟု ပြောထားသည်။

မမရီက အခုထက်ထိ မနိုးသေးပါ။ ရှေ့ရက်များက မမရီ အိပ်ရေးအများကြီး ပျက်ခဲ့သည်ကို ကျွန်မ သိသည်။ မမရီ၏ မျက်ခွံမို့မို့လေးကို ငါးမိနစ်ခန့် ငြိမ်ငြိမ်လေး ကြည့်နေမိသည်။ အသားအရည်က ကြည်ကြည်လေးမို့ မျက်ခွံပေါ်က ဆံချည်မျှင် သွေးကြော သေးသေးကလေးတွေကအစ ထင်းနေသည်။ မမရီကို ယနေ့ကစပြီး တစ်နှစ်တိတိ ခွဲရမည်တဲ့။ မဖြစ်နိုင်သည့် ခပ်ကြောင်ကြောင် ဆုံးဖြတ်ချက်ကြီးကို ကျွန်မ ချပစ်ခဲ့တာပဲ။ ဘေးမှာ မမရီ ရှိမနေတဲ့ နေ့ရက်တွေကိုဘယ်လို ရင်ဆိုင်ရပါ့မလဲ။ ဘယ်သူ့အမှားမှ မဟုတ်ပေမယ့် ပြင်ပ ပယောဂအချို့ကြောင့် ကျွန်မတို့ နှစ်ယောက် မခွဲမဖြစ်သည့် အခြေအနေတစ်ခုသို့ ရောက်လာခဲ့လေသည်။

မျက်နှာသစ်ရန်အတွက် ကုတင်ပေါ်ကနေ ဆင်းသည့်အခါ မမရီကိုယ်လေးက တစ်ချက် လူးလွန့်သွားပြီး မျက်လုံး ဖွင့်လာခဲ့ပါသည်။
"နိုးပြီးလား ခိုင်"

"ဟုတ်ကဲ့"

"မျက်နှာသစ်တော့မယ် မဟုတ်လား။ နောက်ကျနေဦးမယ်နော်"

ကျွန်မ တစ်ချက်ပြုံးပြပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။ မနေ့က အဖြစ်အပျက်တွေက အစီအရီ ပေါ်လာခဲ့ပြန်၏။ မနေ့ကလို ဘာမှ မတွေးဘဲ နေလိုက်ရရင် သိပ်ကောင်းမည်။ သို့သော် ထိုသို့ နေဖို့က ရေရှည် မဖြစ်နိုင်ကြောင်း ကျွန်မရော၊ မမရီပါ သိပါသည်။

တစ်နှစ်တော့ အောင့်အီးသည်းခံရမှာပေါ့။ ဖြစ်လာတဲ့ အကြောင်းတွေက ရှိခဲ့ပြီကိုး။ ပြီးတော့ မမရီကို တခြားလူတွေက 'အိမ်ထောင်ရှိရက်နဲ့ မိန်းကလေးတစ်ယောက်နှင့် ပြောင်ပြောင်တင်းတင်း တွဲနေတဲ့ မိန်းမ'ဟု သမုတ်ကြမှာကို ပိုပြီး စိုးရွံ့ပါသည်။ လူအယောက်စေ့တိုင်းကို ဘာကြောင့် မကွဲနိုင်သလဲ ဆိုသည့်အကြောင်းအရင်းလည်း ကျွန်မ လိုက်မရှင်းပြနိုင်ပါ။ မမရီက လူတွေကို မသိစေချင်လွန်း၍ တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ်ထားသည့်ကိစ္စကြီးကို ကျွန်မက ဘယ်သူ့ကိုမှ အကြောင်းစုံ ထုတ်မပြနိုင်ပါ။ အကောင်းဆုံး ရွေးချယ်မှုကတော့ အချိန်တစ်ခု ယူလိုက်ခြင်းသာ ဖြစ်ပေသည်။

အကယ်၍သာWhere stories live. Discover now