အခန်း ၁၃

18.6K 1.2K 42
                                    

Unicode

အစားစားပြီးလို့ စကားပြောနေကြသည့်အခါ ခရစ်စမတ်ဓမ္မတေးဆိုသည့် အဖွဲ့ ရောက်လာသည်။
ခရစ်စမတ် ဦးထုပ်နီနီလေးတွေ ဆောင်းထားပြီး အားလုံးက ပျော်ရွှင်တက်‌ကြွနေကြသည်။ ကျွန်မတို့လည်း ထရပ်ပြီး သူတို့နား ရောက်သွားကာ သံပြိုင်လိုက်ဆိုကြသည်။
"Jingle bells,×× jingle bells××
Jingle all the way××
Oh, what fun it is to ride××
In a one-horse open sleigh, hey××"

Jingel Bells သီချင်းဖြင့် စဖွင့်ပြီး ဓမ္မတေး သီချင်း သုံးပုဒ် သီဆိုကာ We wish you a Merry Christmas သီချင်းဖြင့် ပိတ်သွားသည်။ ပြီးတော့ ခရစ်စမတ်ဆုမွန်ကောင်းတွေ တောင်းပေးပြီးတော့ ပြန်ထွက်သွားပါသည်။

အစီအစဉ်ကြေညာသူ၏ အသံကို မိုက်မှ တစ်ဆင့် ကြားရသည်။
"အခုအစီအစဉ်ကတော့ လက်ဆောင်တွေကို မဲဖောက်ပေးမှာပဲ ဖြစ်ပါတယ်။ ဝါ့ဒ်အလိုက် စဖောက်မှာပါ။ အကြီးဆုံး လက်ဆောင်ကတော့ AirPods ပါ။ ဘယ်သူ ကံကောင်းသွားမလဲ ကြည့်ရအောင်"

မမရီ AirPods မဲပေါက်အောင်လို့ ကျွန်မ ဆုတောင်းပေမယ့် တကယ်တမ်းတော့ ဆွယ်တာလည်စည်းလေး တစ်ခုကိုသာ မမရီက ရသွားပါသည်။ မမရီက အဲ့ဒီ လက်ဆောင်လေးကို ယူလာပြီးတာနဲ့ ချက်ချင်း ဖောက်ကာ ကျွန်မ လည်ပင်းမှာ စည်းပေးပါသည်။

"ရပါတယ် မမရီရဲ့"

"လည်စည်းအနီလေးနဲ့ ဆို မင်းနဲ့ လိုက်မှာလို့ တွေးနေတာ ၊ မဟုတ်လည်း တို့ ဈေးထဲရောက်မှဝယ်ပေးမလို့၊ အခုတော့ အတော်ပဲ ဖြစ်သွားတယ်" ဆိုပြီး ခပ်တိုးတိုး ပြောပါသည်။
ကို အောင်မြတ်ကိုက ကြည့်နေပေမယ့် မဖြူဖြူတို့ကတော့ နောက်လာမည့် လက်ဆောင်တွေကိုသာ စိတ်ဝင်စားနေသည့်အတွက် ကျွန်မတို့ကို အာရုံမရောက်ပါ။

အားလုံးပြီးသွားတော့ မဖြူဖြူက ချဉ်စော်ကားသီးဝိုင်နှင့် စပျစ်ဝိုင်ဆိုပြီး ဝိုင်ပု‌လင်းလေးတွေ ယူခဲ့ပေးပါသည်။ မမရီနှင့် မသီရိက အပြန်ကားမောင်းရဦးမည်ဟု ဆိုပြီး တစ်ယောက် တစ်ခွက်စီသာ သောက်သည်။ အဲ့ဒီတော့ လူခြောက်ယောက်မှာ ကျွန်မတို့ သုံးယောက်သာ သောက်မည့်လူ ကျန်တော့သည်။

ကျွန်မ စပျစ်ဝိုင်ချိုချိုကို သောက်ရင်း မမရီနှင့် ကို အောင်မြတ်ကို စကားပြောနေတာအား ငေးနေမိသည်။ သူရဲ့ စကားတစ်ခွန်းပြောပြီး ရယ်တတ်တာကို ကျွန်မ မုန်းတီးမိသည်။ မမရီကတော့ ကျွန်မဘက် ခဏ ခဏ လှည့်ကြည့်ပြီး စကားပြောပါသည်။ သို့သော် ကို အောင်မြတ်ကိုက အလိုက်မသိပါ။ သူပြောချင်တာသာ ဆက်ပြောနေသည်။

အကယ်၍သာWhere stories live. Discover now