အခန်း ၁၄

18.5K 1.3K 49
                                    

Unicode

ကျွန်မ နိုးလာသည့်အခါ ပြတင်းပေါက် လိုက်ကာမှ အလင်းရောင် ပျပျကို မြင်ရသော်လည်း အခန်းက မှောင်နေသေး၏။ ဘေးမှာတော့ မမရီက မရှိတော့ပေ။ အခန်းတံခါးမ ကို ပိတ်ကာ ပြတင်းပေါက် လိုက်ကာမှာ တဘက်ကို ထပ်တင်ထားသောကြောင့် အလင်းက ဝင်မလာခြင်း ဖြစ်ပေမယ့် လိုက်ကာကို ဖယ်လိုက်သည့်အခါ အပြင်မှာ နေမြင့်နေပေပြီ။
"မမရီ.."

ကျွန်မ အိပ်ရာမှ ထကာ အိမ်ထဲမှာ လိုက်ရှာကြည့်တော့ မမရီကို မတွေ့ရတော့ပါ။ ဖုန်းကို ဖွင့်ကြည့်တော့ စာ တစ်စောင်ရောက်နေသည်။

"ခိုင် တို့ ဆေးရုံမှာ ကေ့စ် တစ်ခု ရောက်လာလို့ စောသွားရတယ်။ နေ့လည်ခင်းကျရင်လည်း အစည်းအဝေး ရှိတာမို့ ပြန်မလာနိုင်လောက်ဘူး။ တို့ မနက်စာ ပြင်သွားပေးတယ်။ စားပြီးရင် တို့ ဆိုင်ကယ်နဲ့ ပြန်လိုက်နော်။ သော့က ဧည့်ခန်းထဲက တိုင်မှာ ချိတ်ထားတယ်"

အလုပ်သွားခဲ့သည့် ချစ်သူတစ်ယောက်၏ အိမ်မှာကျန်ခဲ့သည့် ခံစားချက်လိုမျိုးကို ကျွန်မ ရလိုက်သည့်အတွက် ကျေနပ်သွားပါသည်။

သပ်ရပ်သော အုပ်ဆောင်းအောက်မှာ ကြက်ဥထမင်းကြော် တစ်ပန်းကန်နှင့် နန်တုံကို တွေ့ရသည်။ ဒီမနက်စာကို မမရီ လုပ်ပေးလျှင် နေ့တိုင်း စားရလည်း မရိုးနိုင်ဟု ကျွန်မ တွေးမိပြန်သည်။

မမရီ၏ ဝမ်းဆက်က ကျွန်မနှင့် ကြီးပါသည်။ အိမ်ပြန်ဖို့ အဝတ်လဲနေရင်းဖြင့် စာအုပ်စင်ပေါ်ကို အကြည့်ရောက်သွားသည်။ ကျွန်မ ဖတ်ချင်ပြီး အခုထိ မဖတ်ရသေးသည့် စာရေးဆရာမ ရီနေဆန်း၏ 'ရေချယ်ဦး' စာအုပ်ကို တွေ့လိုက်ရသည်။ မမရီဆီက ငှားပြီး ကျွန်မ ဖတ်ကြည့်ဦးမှပါပဲ။ ဒီစာအုပ်က သိပ်နာမည်ကြီးသည်။ ရေချယ်ဦး စာအုပ်ကလေးက စာအုပ်စင်၏ အပေါ်ဆုံးထပ်က ဖိုင်တွဲများဘေးတွင် ရှိသည်။
ထိုင်ခုံဖြင့် ဆွဲယူကာ တက်လိုက်ရင်း ဘာရယ် မဟုတ် စီထပ်ထားသည့် ဖိုင်တွဲများကို ကြည့်လိုက်တော့ လန်ဒန်မြို့က ဆေးရုံ တစ်ရုံ၏ နာမည်ကို ရှေ့အဖုံးအပေါ်မှာ ရေးထားသည်။ မမရီ မေမေရဲ့ ဖိုင်တွဲတွေ ဖြစ်မှာပဲ။ ကျွန်မ အသာလေး ဖွင့်ကြည့်လိုက်သည့်အခါ သွေးစစ်ချက်၊ ဆီးစစ်ချက်နှင့် အာထရာဆောင်း အဖြေတွေ၊ စီတီစကန် အဖြေတွေ အပြင် 3D ဓါတ်ပုံ အချို့ကိုလည်း တွေ့ရသည်။
သူတို့ နိုင်ငံက ဆေးစစ်တာက အစ သပ်သပ်ရပ်ရပ်လေးတွေ။တစ်ခေါက်စစ် တစ်ခေါက် ဖိုင်တွဲ တစ်တွဲစီနှင့် စနစ်တကျလေး။ လှန်ကြည့်ရင်းနှင့် နောက်ဆုံးမှာတော့ ငွေလွှဲပြေစာ အချို့ကိုပါ တွေ့ရသည်။ ရေးထားသည့် စတာလင်ပေါင် တန်ဖိုးကို မြန်မာငွေနှင့် စိတ်တွက် တွက်ကြည့်လိုက်သည့်အခါ ပမာဏက ကျွန်မပင် ရုတ်တရက် ဘုရားတမိသွားပါသည်။ ဆေးစစ်ရုံလေး တစ်ခေါက်စာကို တော်တော်များတာပဲ။ ကျွန်မနှင့် မဆိုင်သည့်အတွက် ခပ်မြန်မြန် ပိတ်ပြီး ရေချယ်ဦး စာအုပ်ကိုသာ ယူလိုက်မိပါသည်။

အကယ်၍သာWhere stories live. Discover now