Extra 1.2

25.7K 989 69
                                    

Unicode

ကျွန်မမှာ ကြည်နူးမှုနှင့် ချစ်မြတ်နိုးစိတ်အပြင် အားနာတာကြောင့်ပါ မျက်ရည်တွေ ချက်ချင်းဝဲတက်လာသည်။ ကျွန်မကို ဒီလောက်ထိ ချစ်သလား မမရီရယ်၊ ကျွန်မက မမရီ တစ်ဘဝလုံးစာ မြှုပ်နှံလိုက်ရတဲ့အထိ ထိုက်တန်ပါရဲ့လား။
ကျွန်မ မျက်ရည်တွေက တားမရနိုင်စွာ ကျလာကာ မမရီရှေ့မှာပင် လိုက်ပြီး ထိုင်ချမိတော့သည်။ ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ဗလုံး‌‌ဗထွေးပင် ဖြေမိပါသည်။

"လက်ထပ်မယ်.. လက်ထပ်မှာပေါ့ လို့၊ ဒီလို လုပ်စရာ လိုသေးလို့လား မမရီရယ်"

မမရီက လက်စွပ်တစ်ကွင်းကို ထုတ်ကာ ဘယ်ဘက်လက်သူကြွယ်မှာ စွပ်ပေးပါသည်။ မီးရောင်အောက်မှာ ပတ္တမြားကို စိန်ကွပ်ထားသည့် ပလက်တီနမ်လက်စွပ်လေးက တဖိတ်ဖိတ် တောက်ပနေ၏။ နောက်တစ်ကွင်းကိုတော့ သူ့လက်သူကြွယ်မှာ ကိုယ်တိုင် ဝတ်လိုက်သည်။ ပြီးတော့‌မှ ကျွန်မ မျက်ရည်တွေကို တစ်ရှူးဖြင့် အသာလေး သုတ်ပေးပါသည်။

"အိုး အိုး မငိုပါနဲ့ ခိုင်လေးရယ်၊ မင်း မျက်ရည်ကျမှာ တို့ စိုးပါတယ်"

"ဒါ အိပ်မက်မဟုတ်ပါဘူးနော် မမရီ။ ဘာလို့လဲ မမရီရယ်၊ ရပါတယ်၊ ကျွန်မ အဖြေကို မသိလို့လားဟင်"

"မဟုတ်ပါဘူးကွယ်၊ ထပါဦး ကလေးရယ်"

မမရီက ကျွန်မကို ဆွဲထူကာ သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်ပါသည်။

"ဒီလက်စွပ်လေးကို တွေ့တော့ မင်းနဲ့ဆို အတော်လိုက်မှာပဲလို့ တွေးမိတယ်၊ ဒါနဲ့ မင်း တို့ဆီ ပြန်ရောက်လာရင် ပေးမယ်ဆိုပြီး ပန်းတိမ်ဆရာဆီမှာ ထားခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဒီတစ်ကြိမ် မင်း ပြန်ရောက်လာရင်တော့ တို့ဘယ်လိုနည်းနဲ့မှ လက်မလွှတ်နိုင်တော့ဘူးဆိုတာကို သိလာတယ်။ မင်းနဲ့တို့က တခြားလူတွေလို မင်္ဂလာပွဲအကြီးကြီး လုပ်ဖို့ မဖြစ်နိုင်ဘူးလေ၊ အဲ့ဒီတော့..."

မမရီက စကားကို ရပ်လိုက်ပြီး မျက်ရည်တွေကို ထိန်းချုပ်နေပါသည်။

"တို့ကို ရွေးချယ်လိုက်လို့ မင်း မျက်နှာငယ်ရမယ့် အဖြစ်မျိုး မကြုံစေချင်ဘူး။ တို့ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံး အရာတွေကို ပေးချင်တယ်။ ဒါကြောင့် ဒီလို လုပ်ခဲ့တာပါ ကလေးရယ်၊ မင်းအတွက် တရားဝင် စာချုပ်စာတမ်းနဲ့ မလုပ်ပေးနိုင်ပေမယ့် အဲ့ဒါထက်ပိုခိုင်မြဲတဲ့ အချစ်တွေနဲ့ ချည်နှောင်ချင်လို့ပါ။ နိုးထရတဲ့ မနက်ခင်းတိုင်းမှာ တို့ မင်းဘေးမှာ ရှိချင်မိတယ်။ ဒီအချိန်က စပြီး မင်း နေကောင်းသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ တို့ မင်းဘေးမှာ တို့ရဲ့ နောက်ဆုံး ထွက်သက်အထိ ရှိနေပေးပါ့မယ်လို့ တို့ ကတိပေးပါတယ်။
မင်းကို တစ်သက်လုံး စောင့်ရှောက်ခွင့် တို့ဆီ ပေးမယ် မဟုတ်လား ခိုင်.."

အကယ်၍သာWhere stories live. Discover now