အခန်း ၁၀

20.3K 1.3K 63
                                    

Unicode

ဒီဇင်ဘာ ၂၂ ရက်နေ့ ရောက်လာပြီ ဖြစ်တာကြောင့် ကျွန်မတို့ သူငယ်ချင်းတွေ Group ထဲမှာ လာမည့်ခရီးအကြောင်း စကားစပ်မိကြသည်။ စစချင်း ခရစ်စမတ်နေ့မှာ လာမည်လို့ ဆိုကြပေမယ့် ခရစ်စမတ်က ရေခဲသည်အထိ မအေးနိုင်ဟု ကျွန်မ ပြောပြတော့ သူတို့က New Year နေ့ ကို ပြောင်းကြပြန်သည်။ ညှိရင်း ညှိရင်းနဲ့ ကျွန်မအိမ်မှာ မတည်းဟုလည်း ဖြစ်သွားပြန်သည်။ လွတ်လွတ်လပ်လပ် ဟိုတယ်မှာ တည်းမည်တဲ့။

ရေခဲသည့် တောင်ပေါ်ရွာလေးကိုတော့ ၃၁ ရက်နေ့ ညနေမှာ သွားမည်။ ရွက်ဖျင်တဲတွေ ထိုးမည်။ တစ်ညလုံး မီးပုံပွဲလုပ်ကာ ဟော့ပေါ့နှင့် အကင်တွေလုပ်စားပြီး ရေခဲသည့် မနက်ခင်းကို စောင့်ကြည့်ကြမည်ဟု ဆိုသည်။ နောက်ဆုံးတော့ ရွက်ဖျင်တဲနှင့် အဲ့ဒီရွာကို သွားဖို့ ကား ငှားရမည့် တာဝန်ကို ကျွန်မက ယူရသည်။ သူတို့က ကားယူခဲ့မည်ဆိုပေမယ့် ခက်ခဲကြမ်းတမ်းပြီး အကွေ့အကောက်များသည့် တောင်ပေါ်လမ်းတွေကို မမောင်းရဲပါ။ ထို့ကြောင့် ကားမောင်းပေးသူ ဖြစ်ဖြစ်၊ လူခုနစ်ယောက် ဆန့်မည့် ကားတစ်စင်း ဖြစ်ဖြစ် ကျွန်မ ရှာရမည်။

မမရီက တနင်္ဂနွေနေ့မှာ ဆေးခန်းမသွားလျှင် မဖြစ် တော့ ဆိုပြီး ဆေးခန်းသွားထိုင်ရသည့်အတွက် တစ်နေကုန် ကျွန်မကို သူ့အိမ်မလာခိုင်းပါ။ ညနေပိုင်း ရောက်မှ ကျွန်မအိမ် ရောက်ချလာပါသည်။

"တော်သေးတာပေါ့၊ မင်း တောင်သွားတက်ပြီ ထင်နေတာ"

"အိုး မမရီ မပါရင် ကျွန်မ တောင်မတက်ဖြစ်ပါဘူး"

"တို့နဲ့ လိုက်ခဲ့ပါလား၊ ညဈေးတန်း သွားကြရအောင်"

"နေက ကောင်းပြီလားဟင်"
နဖူးကို အသာလေး လက်တင်ကာ စမ်းမိတော့ မမရီက ငြိမ်ငြိမ်လေး နေနေပေးပါသည်။

"ကောင်းပါပြီ ခိုင်ရယ်၊ အာဂန္တုအဖျားပါ"
အဲ့ဒီအဖျားကိုပဲ မဆီမဆိုင် ကျေးဇူးတင်မိသေးသည်။ ဒီအဖျားကြောင့် မမရီနဲ့ ပိုရင်းနှီးသွားတာမဟုတ်လား။

ညဈေးတန်းက မြို့ကို ဖြတ်စီးနေသော ရေနီမြောင်းဘေးတွင် အတန်းလိုက် တည်ရှိသည်။ မမရီက ထမင်းပေါင်း စားမည်ဟု ဆိုသည်။ ဒီမြို့ရဲ့ ထမင်းပေါင်းက တခြားမြို့ကလို ကော်ရည်နဲ့ မဟုတ်ဘဲ ပဲငပိဖြင့် ပြုလုပ်ထားသည့် အနှစ်ဖြင့် ထမင်းကို နယ်ကာ ကြက်ဥနှင့် ဝက်အူချောင်းကို အပေါ်မှာ တင်ပေးပြီး လှလှ ပပ စားရသည့် ထမင်းပေါင်း အနီ ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် ထမင်းပေါင်းကို ကျွန်မ သိပ်မကြိုက်ပါ။ သို့သော် မမရီ စားချင်သည့် အရာသည် ကျွန်မ စားချင်သည့် အရာပင် ဖြစ်သည်။

အကယ်၍သာWhere stories live. Discover now