အခန်း ၁၅

20.1K 1.3K 77
                                    

Unicode

တနင်္လာနေ့မှာတော့ တစ်နေကုန် မိုးအုံ့နေကာ အင်မတန် အေးလှပါသည်။ ဒီမြို့မှာ အအေးလှိုင်း ဖြတ်လျှင် တစ်နေကုန် စောင်ထဲမှ မထချင်အောင် အေးသည်။ မနက်ဖြန်သာ ဒီလို မအေးပါစေနဲ့ ဟု ဆုတောင်းရမည်။
မိုးအုံ့လျှင် ရေက မခဲပါ။ နေ့ခင်းဘက်မှာ တိမ်တွေမရှိဘဲ ကောင်းကင်က တစ်နေကုန် ကြည်လင်ထားသည့် နေ့ဆိုလျှင်တော့ ညဘက်တွင် ချမ်းစိမ့်နေအောင် အေးကာ ရေခဲလေ့ရှိပါသည်။

တစ်နေကုန် ကျွန်မ အိပ်ရာထဲမှာ ရုပ်ရှင်ကြည့်နေကာ ညနေခင်းကျမှ မနက်ဖြန် သွားဖို့အတွက် ပစ္စည်းထုပ်ရမည်ကို တွေးမိသည်။ နေ့လည့် နှစ်နာရီလောက်မှာ မမရီက ဖုန်းဆက်လာသည်။
"ခိုင် ဒီနေ့ ရာသီဥတု သိပ်အေးတယ်နော်၊ နွေးနွေးထွေးထွေး ဝတ်ထားရဲ့လား"

မမရီအသံ ကြားရတာနဲ့တင် နွေ‌ရာသီက လေပြည်လေညင်းလေး တိုက်ခတ်လာထဲသလို ကျွန်မ ရင်ထဲနွေးထွေးသွားတယ်ဆိုတာကို မမရီ မသိနိုင်လောက်ပါ။

"ဟုတ်ကဲ့ မမရီ၊ စောင်ထဲမှာ နေနေတာ၊ မမရီရော ‌အနွေးထည် ထပ်ထားရဲ့လား"
"အိုး အပြင်က အေးနေပေမယ့် ဒီနေ့ တို့ ချွေးပြန်သွားတယ်ကွာ။ လူနာကို ခွဲနေရင်း ‌သွေးကြောပေါက်တာက ထိန်းရခက်သွားတယ်။ တို့ ကြိုးစားပြီး ရှာပေမယ့် တော်တော်ကြာတဲ့အထိ မတွေ့ဘူး။ နောက်ကျမှ သွေးကြောက ပုံမှန်တွေ့နေကျ နေရာမှာ မဟုတ်ဘဲ အူအနောက်က ရှားရှားပါးပါး နေရာမှာ ရှိနေတာ။ တော်သေးတာပေါ့ တွေ့သွားလို့။ ရှော့ခ်မရအောင် ထိန်းရင်း ပြန်ချုပ်လိုက်မှ အဆင်ပြေသွားတယ်။ တို့မယ် လန့်သွားတာပဲ"

"မမရီ မောသွားတာပေါ့။ အခုရော အိမ်ပြန်ရောက်ပြီလား"
"အင်း ကော်ဖီသောက်ရင်း မင်းကို သတိရလို့။ မင်းရော ကော််ဖီသောက်ချင်နေမလားဆိုပြီး"
"ဟုတ် သောက်ချင်တယ် မမရီ။ ကျွန်မ အခုပဲ ထပြီး ဖျော်သောက်ဦးမယ်"
"နေ နေပါကွယ်။ တို့ လာပို့ပေးမယ်။ ကော်ဖီ ပိုနှပ်ထားတာလေ။ အခု ဖျော်ပြီးတာနဲ့ အနွေးဘူးနဲ့ ထည့်ခဲ့မယ်။ သကြားများများနဲ့ မဟုတ်လား။ စောင့်နေနော်"
"အဲ့ဒီလို မဟုတ်ဘူးလေ ။ ကျွန်မ ပြောတာက.."
"ကိုယ့်ဟာကိုယ် နေစမ်းပါကွာ၊ တို့ ချက်ချင်း လာခဲ့မယ်"
ကြည်နူးမှုက ရင်ထဲမှာ ငြိမ့်ငြိမ့်လေး စီးဆင်းသွားပါသည်။

အကယ်၍သာWhere stories live. Discover now