အခန်း ၆

19.5K 1.3K 35
                                    

Unicode

ညကျတော့ Group တစ်ခုလုံး Video Call ခေါ်ကြသည်။ စည်သူ့ မွေးနေ့ဆိုတော့ အားလုံးက ဖုန်းကိုင်ပါသည်။ နောက်ဆုံးနှစ် အပိုင်း က မှာ ခရီး အတူတူသွားရသည့် ဆယ့်ငါးယောက်ထဲတွင် ကျွန်မတို့ ခုနှစ်ယောက်က အရင်းနှီးဆုံးအဖြစ် ကျန်ခဲ့သည်။ ကောင်လေးက ဟိန်းထက်၊ ဇော်ကြီးနဲ့ စည်သူ တို့ ဖြစ်သည်။ ကောင်မလေးကတော့ ကျွန်မရယ်၊ မေကျော်ရယ်၊ အေမီရယ်၊ လဲ့ရည်ရယ်ပေါ့။
နာမည်တွေက တခြားစီဆိုတော့ ကျွန်မနဲ့ ကျောင်းမှာ အဖွဲ့တူတာ စည်သူရယ် လဲ့ရည်ရယ်ပဲ ရှိသည်။

ဂွမ်းအင်္ကျီ ဝမ်းဆက်ကြီး ဝတ်ထားတဲ့ ကျွန်မကို မြင်ပြီး မေကျော်က စကားစသည်။

"အံမယ် ခိုင် နင်က အေးနေတာပေါ့"

သူတို့ကတော့ အင်္ကျီ အပါးလေးတွေနဲ့။ ‌ကောင်လေး သုံးယောက်က မန်းလေးအနီးမှ မြို့တွေက ဖြစ်သည်။ မေကျော်က စစ်ကိုင်းက၊ ကျန်တဲ့ နှစ်ယောက်ကတော့ မန်းလေးက ဆိုတော့ သူတို့တွေက ပူနေကြမှာပေါ့။ ကျွန်မသာ သူတို့ထက် ထူးခြားပြီး မြို့က ဝေးနေသည်။

"ငါ က နတ်ပြည်မှာ နေတာလေ၊ နင်တို့လို ပူပြင်းတဲ့ ငရဲပြည်မှာ မဟုတ်ဘူး"

"ခိုင် .. နင်တို့ မြို့က ဆောင်းတွင်းမှာ ရေခဲ
တယ်ဆို၊ ငါတို့ လာလည်မယ်လေ၊ နင်က ငါတို့ကိုတစ်ခေါက်မှတောင် မခေါ်ဘူး ကြည့်ဦး"

"အပိုတွေ လျှောက်ပြော‌မနေနဲ့၊ နင်တို့ လူစုနိုင်ရင် လာခဲ့၊ တည်းတာက ငါ့အိမ်မှာ တည်း၊ ကျန်တာတော့ ကိုယ့်စရိတ်ကိုယ်ခံ"
လူပဲ အရင် ရအောင် စုပါဦး။ အကုန်လုံးကဖြင့် တစ်ယောက်တစ်ပေါက်စီနဲ့။

"အေး စည်သူက မွေးနေ့အနေနဲ့ ဓါတ်ဆီဖိုး ဒကာခံမယ်တဲ့ ဟုတ်တယ်မလား၊ စည်သူ"
လဲ့ရည်က စည်သူ့ကို စသည်။

ဟိန်းထက်က ဝင်ပြောသည်။
" စည်သူက မိခ်ိုင်နေတဲ့ မြို့ဆို မခေါ်လည်း လာမှာတဲ့"

"ဟေ့ကောင်.." စည်သူက ဟိန်းထက်ကို ကြိမ်းသည်။
"အေးလေ နင်တို့ သွားချင်ရင်သွားပေါ့၊ ငါတို့ ယောကျာ်းလေးတွေက ဘယ်လိုသွားသွား၊
ဒါပေမယ့် ရတနာ အဆင်ပြေရဲ့လား မသိဘူး၊ ဒီနေ့ ငါဖုန်းဆက်တာတောင် အပြင်ရောက်နေလို့ဆိုပြီး ပြောနေတာ"
စည်သူက ကျွန်မကို စကားနာထိုးလေသည်။

အကယ်၍သာWhere stories live. Discover now