အခန်း ၃၄

16.5K 1.3K 99
                                    

Unicode

မမရီက မုံရွာ ပြန်ရောက်နေသည်တဲ့။ ကျွန်မ ကိုကို့ဆီ ဖုန်းဆက်လိုက်သည့်အခါ ကိုကိုက ပြောပြသည်။
"ဟို မမရီ နေကောင်းရဲ့လား ကိုကို"

"ကောင်းပါတယ်။ မမကြီးက သူ ပြောင်းရ ရွှေ့ရတာနဲ့ ပင်ပန်းပြီး နားချင်လို့ ပြန်လာတယ် ပြောတာပဲ၊ မခိုင်ကို ဖုန်းမဆက်ဘူးလား"

ကျွန်မတို့အကြောင်း သူ့ကို ဘယ်လို ရှင်းပြရပါ့မလဲ။ မမရီ နေကောင်းပြီး ဘေးကင်းနေသည်ဆိုတာကို ကြားမှ ဟင်းခနဲ ချနိုင်သည်။ ကောင်းကင်တစ်ခုအောက်မှာ ဘေးကင်းစွာနဲ့ အတူတူ အသက်ရှင်လျက် တည်ရှိနေရတာကို ကျွန်မ ကျေနပ်ပါပြီ။

"မခိုင်လည်း ဂျူတီတွေ များပြီး သူငယ်ချင်းအဆောင် သွားနေ နေလို့။ ဒီကိုလာတော့ မတွေ့တာနဲ့ အိမ်များ ပြန်သွားမလားဆိုပြီး ကိုကို့ဆီ ဆက်လိုက်တာ။ မမရီက ဖုန်းမကိုင်ဘူးလေ"

"မခိုင် ဖုန်းဆက်တဲ့အကြောင်း မမကြီးကို ကျွန်တော် ပြောပြပေးရမလား"

"ရပါတယ် မပြောပါနဲ့။ အစ်မ တစ်ရက်‌တစ်လေ မမရီကို သတိရရင် ကိုကို့ဆီ ဆက်လိုက်မယ်နော်။ သူက နားချင်တယ်ဆိုတော့ အနှောင့်အယှက် မပေးချင်လို့"

"ရတယ်‌ဗျ"

မမရီ နေကောင်းပြီး သူ့မိသားစုနှင့် အတူ ရှိနေသည်။ ဒါဆိုလျှင် ကျွန်မ စိတ်အေးရပါပြီ။ မမရီ ကောင်းကောင်း အနားယူပါ။ ပြီးမှ ဘာကြောင့် မကွာရှင်းနိုင်သလဲဆိုတာကို ကျွန်မ သေချာ မေးကြည့်ရမည်။ အကြောင်းတစ်ခုခုတော့ ရှိမည်ဟု ကျွန်မ ယုံကြည်သည်။ ကိုသူရစိုးက မကွာပေးနိုင်လို့များလား။ ဒါဆို ‌သူကရော မမရီကို ချစ်သလား။
တွေးပြီးမှ ရယ်ချင်မိသည်။ မမရီအနီးရောက်ပြီးမှ မမရီကို မချစ်သည့်လူဆိုတာ တော်တော် ရှားမှာပဲ။

အဆောင်က ကုတင်ပေါ်မှာ သီချင်းတွေ နားထောင်ပြီး ငိုနေရမယ့် အတူတူ တစ်ခါတည်း စည်သူ့ကို ဆပ်ရမည့် အကြွေးတွေပါ အကုန် ကြေသွားရအောင် ၂၄ နာရီ ဂျူတီကို နှစ်ရက်ဆက်တိုက် ဆင်းပစ်လိုက်၏။ အလုပ်လုပ်နေတာကမှ စိတ်သက်သာသေးသည်။ ဘာမှလုပ်စရာမရှိလျှင် လူနာတွေကို စကားသွားပြောနေမိ၏။ သူများ၏ အပူကို နားထောင်ပြီးမှ ကိုယ့်အပူဟာ ဘယ်လောက်မှ မကြီးကျယ်ကြောင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်ရသည်။ ဂျူတီတွေ ဆင်းတော့လည်း သူငယ်ချင်းတွေက စိုးရိမ်မကင်း ဖြစ်ကြသေး၏။ စည်သူ့ဂျူတီကို ပြန်ဆင်းပေးပြီး အကြွေးဆပ်သည်ဟု ကျွန်မ ပြောပေမယ့် စည်သူက ကျွန်မနှင့် အတူ ဂျူတီ လာဆင်းကူပါသည်။

အကယ်၍သာWhere stories live. Discover now