အခန်း ၃၃

16.2K 1.3K 77
                                    

Unicode

တစ်ချိန်လုံး မျက်နှာကြက်ကို စိုက်ကြည့်နေခဲ့သည့်အတွက် မျက်နှာကြက်၏ အကွက်တစ်ခုချင်းစီတိုင်း၊ အက်ကွဲကြောင်းရာ တစ်ခုချင်းစီတိုင်း၊ ပြီးတော့ ပိုးချည်မျှင် ရှိသည့် နေရာတိုင်းကိုပင် ကျွန်မ အလွတ်ရတော့မည် ထင်သည်။ အဲ့ဒီနေ့ညနေက မမရီ တိုက်ခန်းမှ ထွက်လာပြီး ငှားထားသည့် အဆောင်ကို အန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာတာပင် တော်သေးသည်ဟု ဆိုရမည်။ ပြန်ရောက်ကတည်းက ကုတင်ပေါ်မှာ ကျွန်မ နေနေမိခဲ့သည်။
ဘေးကနေ သူငယ်ချင်း သုံးယောက်လုံး စကားတွေ လာပြောသည်ကို သိခဲ့သည်။ တစ်ယောက်က ဆန်ပြုတ်လား၊ စွပ်ပြုတ်လား မသိ လာတိုက်သည် ထင်သည်။ သို့သော် ဘာတွေ ပြောသွားမှန်း ခေါင်းထဲ မရောက်လိုက်ပါ။ ဒီပုံစံအတိုင်း ‌ကုတင်ပေါ်မှာ နေနေမိတာ ဘယ်လောက်ကြာပြီလဲဆိုတာကိုလည်း ကျွန်မ မသိပါ။ တစ်ရက်လား။ တစ်ညလား။ကြားထဲမှာ ခဏတော့ အိပ်ပျော်သွားလိုက်သေးသည်။ သို့သော် အိပ်စက်ခြင်းနှင့် တွေးတောခြင်းသည် တစ်ထပ်တည်းကျနေ၍ သူတို့နှစ်ခုကို ကျွန်မ မခွဲခြားတတ်ပါချေ။
နေရောင်ခြည်က တရုတ်ကတ်များကနေ ကျွန်မ မျက်နှာပေါ် ဖြာကျလာသည်။ မိုးလင်းပြီ နေမှာ။

ဘေးကို လှည့်ကြည့်သည့်အခါ မေကျော်က ကွေးကွေးလေး အိပ်နေသည်။ လဲ့ရည်နေသည့် နေရာမှာတော့ စောင်ပုံကိုသာ မြင်ရ၏။ စောင်ပုံလေး အောက်က သင်ဖြူးဖျာ၏ အကွက်များကို စိတ်မှတ်မဲ့ ရေနေမိသည်။ ကျွန်မ ခေါင်းထဲကို တခြားအတွေးတွေ မဝင်လာဖို့ မြင်သမျှ အရာတိုင်းကို တစ်ခုနှစ်ခု စသဖြင့် ရေနေမိအောင် ကြိုးစားထားခဲ့သည်။

ခဏကြာတော့ ရေချိုးခန်းထဲမှ လဲ့ရည်က ထွက်လာသည်။
"မိခိုင် နိုးပြီလား"

အစကတည်းက အိပ်မ‌ပျော်သည့်လူကို နိုးပြီလားဟု မေးသည့် လဲ့ရည်ဟာ ဘယ်လောက်များ ကြောင်တောင်တောင် နိုင်ပါလိမ့်နော်။ ကျွန်မ ကိုယ့်အတွေးကိုယ် သဘောတကျ တခစ်ခစ် ရယ်မောမိပြန်သည်။ လဲ့ရည်က ကျွန်မကို စိတ်မကောင်းသလို အကြည့်ဖြင့် ကြည့်၏။

ဘာကြောင့် သူက ကျွန်မကို သနားစရာ သတ္တဝါလို လာကြည့်နေရတာလဲ။ သူလည်း ဆရာဝန်၊ ငါလည်း ဆရာဝန်ပဲ။ အင်း.. ဆရာဝန်ဆိုမှ ဆေးရုံကို သတိရသည်။ ‌ကျွန်မ ဆေးရုံ သွားရဦးမည်ပဲ။ ဘွဲ့ရဖို့အတွက် အလုပ်သင် လာဆင်းသည့် Roll call လိုအပ်သည်။ ဟုတ်သားပဲ။ ကျွန်မက ဘွဲ့တောင် မရသေးပါလား။ ဒါကြောင့် မမရီက ဘာမှ မသိသေးတဲ့ ခပ်တုံးတုံး ကောင်မလေးဆိုပြီး လှည့်စားသွားတာ နေမှာ။ မမရီဟာလေ သိပ်ရက်စက်တာပဲ။ ကျွန်မကို မသွားပါနဲ့လို့တောင် တစ်ခွန်းမှ မတားခဲ့ဘူးလေ။
ဝမ်းနည်းစိတ်က လှိုက်တက်လာပြန်သည်။ စိတ်ရှိလက်ရှိ ငိုမိတော့၏။

အကယ်၍သာWhere stories live. Discover now