အခန်း ၈

18K 1.3K 21
                                    

Unicode

မေမေကတော့ မမရီ လက်ရာကို ချီးကျူးပါသည်။ အပြန်အလှန်‌အနေနှင့် အိမ်မှာ ကြော်ထားတဲ့ဝက်သားနီကြော်ကို ဘူးထဲ ပြန်ထည့်‌ပေးလိုက်သည်။

သောကြာနေ့ နေ့လည်ခင်းမှာတော့ မမရီကို ဖုန်းထပ်ဆက်မိသည်။ ဒီဘူးတွေကို ဘယ်အချိန်လာပို့ရမလဲဆိုတာ ကျွန်မ မှ သေချာ မသိသေးတာပဲ။

"မမရီ ကျွန်မ ဘယ်အချိန်လာရမလဲ"

"တစ်နာရီလောက် လာခဲ့ ခိုင်၊ တို့ ဒီနေ့ စောပြန်လာမလို့"
မမရီအသံက နွမ်းဖျော့နေတာကို ကျွန်မ ဖုန်းထဲကနေပင် ခံစား၍ ရပါသည်။ ဘာများဖြစ်တာလဲ မမရီ။ ထိုအသံကို ကြားပြီး ကျွန်မ လေးပင် သွားသည်။ကျွန်မ စိတ်ထဲ လောနေသည့်အတွင် မမရီ အိမ်ရှေ့ကို ဆယ့်နှစ်နာရီ ခွဲလောက်မှာပင် ရောက်သွားပါသည်။ မမရီက ပြန်‌မရောက်သေးပါ။ ကျွန်မ အိမ်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ စောင့်နေမိသည်။ တစ်နာရီထိုးဖို့ ငါးမိနစ်အလိုမှ မမရီ၏ ကားအဖြူက ဆေးရုံဘက် လမ်းကနေ ထွက်လာတာကို မြင်ရ၏။

မမရီက တံခါးဆင်းဖွင့်ပြီးတော့ ကျွန်မကို နှုတ်ဆက်သည်။ မျက်နှာက အသံလိုပင် နွမ်းဖျော့နေပါသည်။

"ခိုင် မမရီကို ပေးလိုက်တော့၊ ဘူးပေးမလို့ပဲ မဟုတ်လား"
ကျွန်မ လက်ထဲက ဘူးနှစ်ဘူးကို လှမ်းယူပါသည်။

"မမရီ ဘာဖြစ်လို့လဲဟင်"

"ခေါင်းကိုက်နေလို့ပါ၊ စောစော နားရအောင် ပြန်လာတာ"

မမရီက ကားကို ခြံထဲသွင်းပြီး တံခါးပြန်လာပိတ်သည်။ ကျွန်မ သွားသင့်ပြီ ဆိုတာသိပေမယ့် ခြံဝမှာ ရပ်ကြည့်နေမိသည်။ မမရီက ခပ်ဖြည်းဖြည်းလျှောက်လာပေမယ့် တံခါးနားမရောက်ခင်မှာ ခပ်ယိုင်ယိုင်‌ဖြစ်ပြီး ဟန်ချက်ပျက်သွားပါသည်။ ကျွန်မ အပြေးလေး သွားမိသည်။ မမရီက ကျွန်မ လက်မောင်းတစ်ဖက်ကို လာဆုပ်ကိုင်သည်။ အိုး.. လက်တွေက ပူကျစ်တောက်နေတာပဲ။ အင်္ကျီအပါးပေါ်ကနေပင် မမရီ လက်ချောင်းတွေ၏ တရှိန်ရှိန်တက်နေသော အရေပြား၏ အပူကို ကျွန်မ ခံစားရသည်။

"မမရီ ဖျားနေပြီပဲ"

"တံခါးပိတ်ပေးပါဦးကွယ်" မမရီက သော့ကို ကမ်းပေးပြီး အိမ်ထဲမှ ထွက်သော မြောင်းကို ဘောင်ခတ်ထားသည့် အုတ်ခုံပေါ်မှာ ထိုင်ချလိုက်ပါသည်။ လက်တစ်ဖက်က မျက်နှာကို အုပ်ပြီး ခေါင်းငုံ့ချလိုက်သည်။ ဒီအမျိုးသမီး ပင်ပန်းနေတာကို ကြည့်ပြီး ကျွန်မ ရင်ထဲ ‌နာကျင်လာသည်။

အကယ်၍သာWhere stories live. Discover now