အခန်း ၂၇

20.8K 1.4K 63
                                    

Unicode

မနက် ၇ နာရီခွဲ တိတိမှာ ကားဆရာက ကျွန်မကို လာကြိုပါသည်။ ညတုန်းက မမရီ ဖုန်း မဆက်ပါ။ ဒီမနက်လည်း မမရီများ ရောက်လာခဲ့မလားဆိုပြီး တွေးခဲ့ပေမယ့် မရောက်လာခဲ့ပါလေ။ ကျွန်မမှာတော့ မနေ့ညကလည်း အိပ်လို့မရသည့်အပြင် မနက်စာလည်း ကောင်းကောင်းမစားနိုင်ပါ။ သူ့၏ နေ‌နိုင်လွန်းသည့် စိတ်ထားကို ကျွန်မ အံ့အားသင့်ရသည်။
ကားက ခရီးသည် လေးဦးသာ ဆန့်သည့် အိမ်စီးဗင်ကား အငယ်စားလေး ဖြစ်သည်။ ကျွန်မကို အစောဆုံး လာကြိုတာ ဖြစ်သည့်အတွက် ကားပေါ်မှာ ခရီးသည် တစ်ယောက်မှ မပါသေးပါ။ ကားဂိတ်ကို ဝင်ပြီး တန်ဆာတင်ပြီးမှ ခရီးသည်ထပ်ကြိုမည်ကို ကျွန်မ သိသည်။

ကားဂိတ်ဟု ဆိုသော်လည်း အိမ်တစ်အိမ်၏ အောက်ထပ်မှာ ငှားထားသည့် အခန်းလေးတစ်ခန်းသာ ဖြစ်ပါသည်။ ကားဆရာက ကားကို အိမ်ရှေ့မှာ ရပ်ပြီး သယ်ရမည့် တန်ဆာတွေကို သယ်နေသည်။ မြို့အပြင်ကို ထွက်မည့် လမ်းကြောင်းက မမရီအိမ်ရှေ့က မဖြတ်ပါ။ တကယ်ကြီး ခွဲကြရပြီပေါ့ မမရီ။ အဲ့ဒီလို တွေးလိုက်တော့ မျက်ရည်က ဝေ့တက်လာသည်။

စိတ်ညစ်ပြေအောင် ဖုန်းကို ယူကြည့်တော့လည်း အိပ်ရေးပျက်ထားသည့်အတွက် ကားပင် မထွက်ရသေးတာကို မူးရိပ်ရိပ် ဖြစ်လာသည်။ သေချာပေါက် ကားမူးတော့မည်။ စိတ်ကို ခဏ လျှော့ကာ မျက်လုံးတွေကို မှိတ်ချလိုက်ရပါသည်။

"ခိုင်"
ကားမှန်အား တဒေါက်ဒေါက် ခေါက်သံကို ကြားလိုက်ရသည်။ ကျွန်မ လှမ်းကြည့်လိုက်သည့်အခါ မမရီက ကားဘေးမှာ ရောက်နေသည်။ သူက ကုတ်အင်္ကျီအရှည်နှင့် လုံခြည်တစ်ထည်ကို ဖြစ်သလို ဝတ်ထားသည်။ ဆံပင်ကလည်း စည်းထားတာလား။ ပြေကျနေတာလားပင် မသဲကွဲပါ။ မမရီ၏ ဒီလို ဖရိုဖရဲ ပုံစံကို တစ်ခါမှ ကျွန်မ မမြင်ဖူးပါ။

"တော်သေးတာပေါ့။ အရင်ဆုံး မင်းအိမ်ကို သွားခဲ့တာ။ ကားထွက်သွားပြီဆိုလို့။ ကားဂိတ်ကို ချက်ချင်းလိုက်လာခဲ့တာ"

"ပစ္စည်း‌တင်ပြီး တခြားလူတွေကို ခေါ်ရဦးမှာတဲ့"

မမရီက စဉ်းစားနေသလို ခဏ တိတ်သွားပါသည်။
"ခိုင် .. ကားဆရာ ဘယ်မှာလဲ"

အကယ်၍သာWhere stories live. Discover now