အခန်း ၂၁

18.9K 1.3K 44
                                    

Unicode

ရှည်ကြာသော အနမ်းတစ်‌ခု၏ အဆုံး၌ ကျွန်မ လှိုက်မော ပင်ပန်းစွာဖြင့် မမရီ၏ လက်မောင်းထဲမှာ ခိုဝင်ကာ လှဲအိမ်မိပါသည်။ မမရီ၏ လက်ချောင်းသွယ်သွယ်လေးတွေက ကျွန်မ ပါးပြင်ကို ထိတွေ့ ဆော့ကစားနေသည်။ ပြောစရာ စကားတွေ အကုန်လုံးကို ဘာမှ မမှတ်မိိတော့အောင် ပျောက်ရှသွားစေနိုင်သည်အထိ အဲ့ဒီအနမ်းက အစွမ်းထက်ပါသည်။

ဖုန်းက Vibrate မြည်သံကို ထပ်ကြားရသည်။ ကျွန်မ ကပျာကယာ ထကြည့်တော့ မေမေ ဆက်နေတာ။ ငါးခါတောင်မှ ဆက်တိုက်ခေါ်ထားသည်။ အဲ့ဒီအခါကျမှ ဈေးသွားဖို့ သတိရတော့သည်။ အချိန်က လေးနာရီ မတ်တင်း ရှိလေပြီ။

"ဘုရားရေ.. မမရီ.. ကျွန်မတော့ ဒုက္ခပဲ"

"ဘာဖြစ်တာလဲ ခိုင်"
မမရီက လဲလျောင်းနေရာမှ ထထိုင်ကာ ဆံပင်တွေကို ပြန်ပြီး သပ်သပ်ရပ်ရပ် စည်းလိုက်သည်။

"ကျွန်မ ဈေးသွားရမှာ။ အမေက ကျွန်မကို ဈေးသွားဖို့ လွှတ်လိုက်တာ။ ဟို ... ဈေးဝယ်နေကျ ထွေးက နေမကောင်းလို့လေ။ ကျွန်မက ဈေးမသွားဘဲ မမရီဆီ အရင်ရောက်လာတာ။ အခု ဘယ်လိုလုပ်မလဲ။ နောက်ကျနေပြီ ထင်တယ်။"

"ဘာတွေ ဝယ်ခိုင်းတာလဲ"

"ဒီမှာ မမရီ"
စာရင်း စာရွက်ကို မဝံ့မရဲ ကမ်းပေးသော မမရီက ဖျတ်ခနဲ ကြည့်ပါသည်။

"ရပါတယ် ခိုင်၊ စိတ်အေးအေးထား၊ ဒီဆိုင်တွေက နေရာသိရင် ချက်ချင်း ဝယ်လို့ရတယ်။ တို့ နောက်က လိုက်ခဲ့ပေးပြီး နေရာပြောပြမယ်။အခု သွားရအောင်။ အရမ်းကြီး မများတာမို့ ဆယ့်ငါးမိနစ်ဆို အကုန်ဝယ်ဖို့ လုံလောက်ပါတယ်။"

ကျွန်မ ဆိုင်ကယ်အနောက်မှ မမရီကားက လိုက်လာခဲ့သည်။ ညနေဈေးထဲကို ရောက်တော့ ကျွန်မမှာ အသားတန်း ဘယ်နားရှိလို့ ရှိမှန်း မသိ၊ အရွက်တန်း ဘယ်နားရှိလို့ ရှိမှန်း မသိ ဖြစ်နေသည်။ မနက်ဈေးနှစ်ခုကတော့ သွားနေကျမို့ ကျွန်မ သေချာ သိပါသည်။ သို့သော် ညနေဈေးကိုကျတော့ ကျွန်မ
မရောက်ဖူးလုနီးပါးကို ဖြစ်နေသည်။

မမရီက ကျွန်မ လက်ကို ဆွဲပြီး အမေ မှာလိုက်သည့် ‌အသားနှင့် အရွက်တွေကို သေသေချာချာ ဝယ်ပေးပါသည်။ ကျွန်မ၏ ဆရာဝန်မကြီးက ဈေးဆစ်တာလည်း အင်မတန် တော်ပါသည်။ သူဈေးမဆစ်ဘူးဆိုလျှင် သုံးပုံ တစ်ပုံကတော့ အရင်ဆစ်ပြီးသား ဖြစ်သည်။ ပြီးတော့ ဈေးသည်တွေက သူဝယ်‌နေကျ ဖြစ်နေသည့်အတွက် ပိုထည့်ပေးလိုက်တာချည်း ဖြစ်သည်။ ငွေက မေမေ‌ ပေးလိုက်သည့် ပမာဏထက် အများကြီး ပိုနေ‌ပါသည်။

အကယ်၍သာWhere stories live. Discover now