အခန်း ၁၉

17.7K 1.2K 61
                                    

Unicode

ကားအမည်းကြီး အနောက်မှ စည်သူက ထွက်လာသည်။ ကျွန်မ လက်ထဲမှ ပေါက်စီထုပ် နှစ်ထုပ်က ပြုတ်ကျသွားမလို ရှိသည်။ သို့သော် အမြန်စိတ်ထိန်းလိုက်ပါသည်။

"စည်သူ နင် ဘယ်လို ရောက်လာတာလဲ"
တုန်ယင်နေသည့်အသံဖြင့် ကျွန်မ မေးမိသည်။

"ငါ ကားထဲမှာ အားသွင်းကြိုး ကျန်ခဲ့လို့ လာယူတာ။ယူပြီး ဒီကနေ ဖြတ်လည်း အလာ၊ နင်တို့ နှစ်ယောက် ဖြစ်ပျက်နေတာကို တွေ့တာပဲ"

စည်သူတို့ စီးလာသည့် ကားက ထောင့်ဘက်အကျဆုံး၊ အမှောင်ဆုံး‌ နေရာမှာ ရပ်ထားသည်။ ကျွန်မ အခု မြင်လိုက်ရပေမယ့် လုံးဝ နောက်ကျသွားခဲ့လေပြီ။

"စည်သူ ငါ ပြောပြမယ်"

"နင် ဘာဖြစ်သွားတာလဲ ရတနာ။ ဒီ မိန်းမနဲ့ နင်နဲ့။ ဟား ငါ့ပါးစပ်ကနေ ထုတ်တောင် မပြောနိုင်ဘူး။ နင်တို့ ဒီအတိုင်း ခင်တဲ့ သူတွေပဲ မဟုတ်လား။ ဒီအတိုင်း ညီအစ်မလို ခင်လို့ နမ်းလိုက်တာ မဟုတ်လား"

"မဟုတ်ဘူး။"
စစချင်း ရှင်းပြဖို့ တွေးလိုက်ပေမယ့် သူ့စကားကြောင့် ကျွန်မ ဒေါသထွက်သွား ပါသည်။ သူက ဘာမို့လို့ ပါးစပ်ကနေ ထုတ်မပြောရဲဘူး ပြောရတာလဲ။
" အေး .. နင် ထုတ်မပြောရဲတာ ငါပြောပြရဲတယ်။ ဟုတ်တယ်။ ငါနဲ့ မမရီက ချစ်သူတွေ။ နင်မြင်လိုက်တာလည်း အမှန်ပဲ။"

စည်သူ့မျက်နှာက လုံးဝ ပျက်သွားပါသည်။ စစချင်း ဖြစ်တည်လာသော မယုံကြည်နိုင်မှုကနေ ဒေါသသို့ တဖြည်းဖြည်း အသွင်ပြောင်းသွားသည်။

"ဘယ်ကတည်းကရင်းလဲ"
"ကြာပြီ"
"မကြာပါဘူး၊ နင် ကျောင်းက ပြန်သွားတာမှ တစ်လကျော်ကျော်လေး ရှိသေးတာ"
"အေးလေ အဲ့ဒီ အဝောာအတွင်းပဲ"
"ဟား ငါ အခုထက်ထိ ယုံတောင် မယုံနိုင်ဘူး။ နင် ရူးသွားတာတော့ မဟုတ်ပါဘူးနော်။ နင် ရှေ့နှစ်တစ်နှစ်လုံး ငါနဲ့ အတူ စာကျက်၊ မုန့်တွေ သွားစား၊ ဘုရားတွေ အတူသွား လုပ်ခဲ့တာလေ ရတနာ၊"
"အဲ့ဒါ သူငယ်ချင်းလို ခင်လို့ပဲ။ နင့်ကို ငါ မျှော်လင့်ချက် ပေးခဲ့တာမှ မဟုတ်တာ စည်သူရာ"
"ဒီ မိန်းမကို ချစ်တယ် ဟုတ်လား"
"အေး ဟုတ်တယ်။ နင် အခု မမြင်လည်း ငါ နင့်ကို ပြောပြတော့မလို့ပဲ"
"မိန်းမချင်းကြီးလေကွာ။ နင် ဦးနှောက်မရှိဘူးလား။ နင်တို့ ဘယ်လိုလုပ် ဘဝကို ရှေ့ဆက်မှာလဲ။
ဟား ဒါကြီးက မဟုတ်သေးဘူး။ နင် သူ့ကို ဘာကြိုက်တာလဲ။ နင် အခု အသက်အရွယ်မှာ ရွေးချယ်ထားမှ နင့် ဘဝ တစ်လျှောက်လုံး လက်တွဲရမယ့်လူကို နင် ရမှာပေါ့"
စည်သူ့မျက်နှာက ခံပြင်းမှုနှင့် အတူ တင်းမာလာသည်။ စကားသံကလည်း တဖြည်းဖြည်း ကျယ်လာပါသည်။

အကယ်၍သာWhere stories live. Discover now