အခန်း ၃၉

19.1K 1.5K 134
                                    

Unicode

ထိုနေ့က တာဝန်ကျချိန်သည် မနက်ခင်းမှာ ဖြစ်သည်။ဘာမှ မထူးခြားပါ။ တစ်ပတ် နှစ်ခါ ပြုလုပ်နေကျ အလုပ်သင်ဆရာဝန်တွေ၏ အလှည့်ကျ Case Presentation ရှိသည်။ လူနာတွေကို ဆေးထိုး၊ သွေးပေါင်ချိန် တိုင်းပြီး၊ လူနာ မှတ်တမ်းတွေ ရေးရသည်။ တစ်နေ့ကုန် ဂျုတီဆင်းပြီး ညနေ ၄ နာရီ၌ ဆေးရုံထဲက ထွက်ခဲ့လေသည်။ တကယ်တော့ ဒီရက်ပိုင်းအတွင်း စိတ်ရော လူပါ ပင်ပန်းလွန်းလှသည်။ ဆေးရုံမှာ စည်သူနှင့် မတွေ့ချင်ပေမယ့် ရှောင်လွဲလို့ကို မရ။

အဆောင် ပြန်ရောက်‌တော့ စိတ်မောစွာဖြင့် ဆိုင်ကယ်ကို အဆောင်ထဲ သွင်းပြီး အပေါ်ထပ်ကို တက်ပင်မတက်ရသေး။ ကျွန်မဖုန်းကို နံပါတ်အစိမ်းတစ်ခုက ခေါ်လာသည်။

"ဟဲလို ခိုင်ရတနာလား ညီမလေး"
တစ်ဖက်က အမျိုးသမီး အသံဖြစ်သည်။ ခပ်ရှရှ ဖြစ်ပေမယ့် ပျော့ပျောင်းနေ၏။ ကြားကြားချင်းပင် ကရုဏာ သက်သွားမိပါသည်။
"ဟုတ်ကဲ့။ ဘယ်သူလဲ မသိဘူးရှင်"

"အစ်မ ဂန္ဓမာဇော်ပါ"
ရုတ်တရက် မမရီကို တ မိသွားသည်။
"အစ်မ ညီမလေး အဆောင်ရှေ့မှာ ရောက်နေတာ။ အစ်မနဲ့ ခဏ တွေ့လို့ ရနိုင်မလား။"

သူ့အသံက တိုးလျှိုးလွန်းနေသဖြင့် ကျွန်မ မငြင်းဆန်နိုင်ပါ။ အဆောင်ရှေ့မှာ ရပ်ထားသည့် ကားက အနက်ရောင် တစ်စီးတည်းသာ ရှိသည်။ ကားမှန်ချလိုက်သည်ကို မြင်ရသည်။ အမျိုးသမီးတစ်ယောက်၏ ဖျော့တော့တော့ မျက်နှာကို ကားမောင်းသူ နေရာမှာ မြင်လိုက်ရသည်။ မျက်ရစ်ခပ်ကြီးကြီး၊ နှာခေါင်းချွန်ချွန်နှင့် နှုတ်ခမ်းက မထူမပါး ဖြစ်၏။ ပုံမှန်ဆိုလျှင် မျက်နှာထား ခပ်တင်းတင်းနှင့် လူတွေ ရှိန်လောက်သည့် ပုံစံ ဖြစ်ပေမယ့် ယခုတော့ နွမ်းဖျော့နေသည်။ သို့သော် နှုတ်ခမ်းဆိုးဆေး ချောကလတ်ရောင် ဆိုးထားသဖြင့် ဖြူဖျော့ဖျာ့ မျက်နှာက လင်းနေသည်။‌ မမရီလိုတော့ အေးချမ်းမှုမရှိပေမယ့် တော်တော်လေးတော့ လှပါသည်။

အဆောင်ထဲက ထွက်ကာ ကားထဲမှာ ဝင်ထိုင်လိုက်မိပါသည်။ မဂန္ဓမာဇော်က ကျွန်မကို ပြုံးပြသည်။ သူက ကုတ်အနက်နှင့် ဘောင်းဘီ မီးခိုးရောင်ကို ဝတ်ထား၏။ ဆံပင်ရှည်တွေကတော့ ကျောလယ်အထိ ဝဲကျနေပါသည်။ မမရီ၏ ဆံနွယ်ရှည်တွေကို သတိရမိသည့်အခါ မမရီ ဆံပင်အရှည်ထားလို့များ သူက လိုက်ထားသလားဟု မနာလိုစွာ တွေးမိလိုက်၏။ မဂန္ဓမာသည် မမရီနှင့် ပတ်သက်ခဲ့ဖူးသည့် လူပါလား။ ကျွန်မ ရင်ထဲ တလှပ်လှပ် လှိုက်ခုန်လာပါသည်။ ကျွန်မကို ဘာများ စိတ်ဒုက္ခပေးဦးမလဲ မပြောတတ်ပါ။

အကယ်၍သာWhere stories live. Discover now