အခန်း ၂၅

18.2K 1.3K 53
                                    

Unicode

ဘုရား အပြန်မှာ မမရီက မီနီမားကတ်တစ်ခုထဲ ဝင်ကာ ထမင်းလိပ်လုပ်ဖို့ လိုအပ်သည့် ပစ္စည်းတွေကို ဝယ်ပါသည်။
"မမရီ အလုပ်ရှုပ်‌ပြီး ပင်ပန်းနေမယ်လေ၊ မလုပ်ပါနဲ့တော့၊ လွယ်တာလေးပဲ ဝယ်စားရအောင်" ဆိုပြီး ကျွန်မတားတာကိုပင် မမရီက လက်မခံပါ။

"မင်းကို တစ်ခုခု လုပ်ကျွေးချင်လို့ပါ၊ တို့စေတနာကို မပိတ်ပင်စမ်းပါနဲ့ကွယ်"

မမရီ၏ အနည်းငယ် တင်းမာသော လေသံကြောင့် ကျွန်မ ဘာမှ မတတ်နိုင်တော့ပါ။ မမရီက ပဲနို့ဘူးကြီး တစ်ကတ်နှင့် သွားရည်စာ မုန့်လေးတွေ ထပ်ဝယ်သည်။

မုန့်တွေကို ကားအနောက်ခန်းမှာ ထည့်သည်။ ရုတ်တရက် မမရီက စတီယာရင်ရှေ့မှာ ထိုင်ပြီး ကား စက်မနှိုးသေးဘဲ တစ်ခုခုကို တွေးမိသွားသလို ပြုံးပါသည်။
"ကလေး မုန့်ပေးကြိုက်တယ်ဆိုတာ ငါမှ အစစ် ဖြစ်နေပြီပဲ"

"မမရီ ပြောပြန်ပြီ ဒီကလေးဆိုတာကို၊ ထပ်ပြောရင် ကျွန်မနဲ့ တွေ့မယ်"

မမရီက ဆက်ကျော်သက်လေးတစ်ယောက်လို တခစ်ခစ် ရယ်မောပါသည်။
"ခိုင်ရတနာဆိုတဲ့ ကလေးသေးသေးလေးနဲ့တော့ အပြန်တစ်ရာလည်း တွေ့ချင်စမ်းရဲ့ကွယ်"

မမရီက လက်တစ်ဖက်ဖြင့် ကျွန်မလက်ကို ဆုပ်ကိုင်လာပါသည်။

"ခိုင် ဒါနဲ့ မင်း မလွဲ‌မသွေ မမရီကို လက်ဆောင်တစ်ခု ပေးရမယ်ဆိုရင် ဘာပေးမလဲ"

"ဟုတ်.. မပြောတတ်ဘူး။ မမရီ ဘာ လိုချင်မလဲဆိုတာကို အရင် တွေးကြည့်ရမှာပေါ့"
ကျွန်မ ဦးနှောက်ကို အသည်းအသန် အလုပ်ပေးပေမယ့် ဘာအကြံဉာဏ်မှ ခေါင်းထဲက ထွက်မလာပါ။

"စဉ်းစားကြည့်ပါဦးလေ"
မမရီက ကျွန်မကို လက်ကို ဖျစ်ညစ်သည်။

"မမရီက စာအုပ်ဖတ်ရတာ ကြိုက်တယ် ဆိုတော့ စာအုပ်ကလေးဆိုရင်ရော"
မမရီက ကျွန်မကို ပြုံးပြုံးလေး ထိုင်ကြည့်နေပါသည်။
"ဆောရီး မမရီ၊ ရုတ်တရက်ဆို ခေါင်းထဲက ဘာမှ မထွက်လာဘူး"

"ရပါတယ်...မင်းမှာ အခု စာအုပ် ပါလာတယ် မဟုတ်လား။ ဘာစာအုပ်လဲ"

"ဟိုလေ The Notebook ဇာတ်ကားရဲ့ စာအုပ်။ မြန်မာလို ဘာသာပြန်ထားတာက 'အချစ်မှတ်တမ်း'တဲ့"

အကယ်၍သာWhere stories live. Discover now