အခန်း ၃၇

20.2K 1.4K 73
                                    

ဧည့်ခန်းထဲမှာ အမေနှင့် ခဏ ထိုင်၍ TV မှ လာနေသော ကိုးရီးယားကား တစ်ကားကို ကြည့်မိကြသည်။ မမရီက ကျွန်မ လက်ကို ဆုပ်ကိုင်ထားသည်။ ငါးရက်ခန့် မညှပ်ထားသဖြင့် အနည်းငယ် ရှည်နေသော မမရီ လက်သည်းများနှင့် အရေပြား ခပ်ပါးပါးအောက်မှ သွေးပြန်‌ကြောလေးတွေကို ကျွန်မ စိတ်ဝင်တစား အသေးစိတ် ဂရုတစိုက် ကြည့်မိရလေသည်။ အစိတ်အပိုင်း တစ်ခုစီတိုင်းကိုက လှနေတော့တာပဲ မမရီရယ်။

ဇာတ်ကားပြီးသွားတော့ အမေ့က ညနေစာ ချက်တော့မည်ဟု ဆိုသည့်အတွက် ကျွန်မတို့ မီးဖိုချောင်မှာ လုပ်ကူကြပါသည်။ မမရီက အပေါ်တက်ပြီး သနပ်ခါးရေကြဲလေး သွားလူးလာခဲ့သည်။ ‌ခပ်နွဲ့နွဲ့ ဟန်ပန်မှာ နူးညံ့သည့် အပြုအမူလေးများ ပေါင်းစပ်လိုက်သည့်အခါ ကျွန်မ ကြည့်မဝရအောင်ပင် ဖြစ်ရပါသည်။ စိတ်လွတ်လက်လွတ် ငေးနေမိသည့်အတွက် အမေ့ရှေ့မှာဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရသေး၏။

ကျွန်မက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ခရမ်းချဉ်သီးနှင့် ဂျင်းတွေကို ကြိတ်စက်ဖြင့် ကြိတ်ပေးတာသာ လုပ်တတ်သည်။ မမရီက ဝက်သားကို အတုံးလေးတွေ လှီးပြီး ပုန်းရည်ကြီးနှင့် နှပ်ဖို့ လုပ်သည်။ အမေက ငရုတ်သီးကို မီးကင်ပြီး ကြက်သွန်ဖြူနှင့်‌ ထောင်းဖို့ ပြင်လေသည်။
"ကျွန်မ ထောင်းတာ တတ်တယ် အမေရဲ့"

"ရပါတယ်။ အမေ ထောင်းပါ့မယ်။ ဧည့်သည်ကို အများကြီး မခိုင်းရဘူးလေ"

"ကျွန်မက ဧည့်သည်မှ မဟုတ်တာကို"

မမရီက ထိုအခါကျမှ စကားဝင်ပြောသည်။
"ခိုင့်ကို ပေးထောင်းလိုက် အမေ။ သူက ပန်းကန်ဆေးတာနဲ့ အဲ့ဒီလို ထောင်းတာတော့ တကယ် ကျွမ်းတယ်။ အမေက မုန်ညင်းလာ သင်"

ကျွန်မ ငရုတ်သီးထောင်းနေရင်း စည်သူနှင့် ကိုသူရစိုး မျက်နှာကို မြင်ယောင်မိ၏။ သူတို့ကို ဒီလို ဆုံထဲ အားရပါးရ ထည့်ထောင်းလိုက်ရလျှင် သိပ်ကောင်းမည်။

ကျွန်မ ငရုတ်သီးထောင်းပြီးသွားသည့် အခါ အမေက ငရုတ်ဆုံထဲက‌နေ ထုတ်ပြီး ဆီစိမ်းအနည်းငယ် လောင်းလိုက်သည်။ မမရီကလည်း ဝက်သားအိုးကို ရေထည့်ပြီး နှပ်ထားပြီ ဖြစ်သည်။ ကျွန်မကို အပြင်သွားကြရအောင် ဟု ခေါ်‌လေသည်။

အကယ်၍သာWhere stories live. Discover now