အခန်း ၃၆

21.2K 1.5K 72
                                    

Unicode

အပေါ်ထပ်သို့ ကျွန်မ လေးပင်စွာ တက်လာခဲ့သည်။ အခန်းတံခါးကို အသာအယာလေး တွန်းဖွင့်လိုက်မိသည်။ ကျွန်မ ထထွက်သွားခဲ့တုန်းက ပုံစံအတိုင်းပင် မမရီက ထိုင်နေခဲ့ပါသည်။
မမရီဟာ ဘဝနှင့် မမျှသည့် ဒုက္ခတွေကို ကြုံခဲ့ရတာပါလား။ ကျွန်မက အဲ့ဒီလူနှင့် ကွဲလို့ ပြောလိုက်သည့်အခါတုန်းက မမရီကိုယ်တိုင်က ကွဲချင်လွန်းလို့ ဘယ်လောက်များ ယူကြုံးမရ ဖြစ်နေရှာလိမ့်မလဲ။ ကျွန်မကို ချစ်သည်ဟု ပြောတုန်းကတည်းကရင်း သူ့ခမျာ ကျွန်မ သိပြီး မုန်းသွားမှာကို ကြိုတင်ပြီး ဘယ်လောက်တောင် ကြောက်ရွံ့ထိတ်လန့်နေခဲ့ရမလဲ။
နှစ်ယောက်အတူတူ ကွဲကွာတဲ့အခါမှာပင် ကျွန်မ ဘေးမှာတော့ နှစ်သိမ့်ပေးမယ့် သူငယ်ချင်းတွေ အဆင်သင့် ရှိခဲ့ပြီး မမရီ အနားမှာတော့ စိတ်ဒုက္ခမပေးရက်တဲ့ ရောဂါသည် အမေရယ်၊ အလုံးစုံ မပြောပြနိုင်သော မောင်လေးရယ်ပဲ ရှိခဲ့၏။

အရာအားလုံးဟာ တွေ့ဆုံစေခဲ့တဲ့ ကံတရားရဲ့ အမှားပါပဲ မမရီရယ်။ အကယ်၍ ကျွန်မသာ အစကတည်းက မမရီနဲ့ မတွေ့ခဲ့ရင် မမရီလည်း ဒီလို အချစ်၏ ပူလောင်မှုကို ခံစားရမှာ မဟုတ်တော့။ မရင့်ကျက်သည့် ချစ်သူတစ်ယောက်ကို ရူးလောက်သည်အထိ ချစ်စရာ မလိုတော့။ သူ့ဟာသူ အကြွေးတွေကို အေးအေးဆေးဆေး ဆပ်ပြီးရင် ဒီယောကျာ်းနှင့် ကွဲချင်လည်း ကွဲ၊ မကွဲချင်လည်း ဆက်ပေါင်း။ ကျွန်မလည်း ကျွန်မ ဘဝနှင့် ကျွန်မ ဒီအတိုင်း ရှင်သန်။
ဒါပေမယ့် ယခုတော့ ဘယ်အရာကိုမှ ပြင်လို့မရအောင် ပျက်စီး မှားယွင်းခဲ့ရလေပြီ။

မမရီကို ဆွဲထူပြီး မွေ့ရာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။သူမက ခေါင်းလေးစောင်းပြီး အကြည့်ချင်းမဆုံဘဲ မော့လာသည်။ မမရီ ‌ဆံပင်လေးတွေကို နားနောက်သို့ ဖွဖွလေး သိမ်းပေးရင်း ပြောမိသည်။

"မမရီကို ကျွန်မလေ မြင်မြင်ချင်း ချစ်မိသွားတာ သိလား။ နောက်ပိုင်း မမရီ ချစ်တယ်လို့ ပြောလာတော့ ကျွန်မကိုယ် ကျွန်မ ကံအကောင်းဆုံး လူဆိုပြီး မမရီ ကျေးဇူးတင်ခဲ့မိတယ်။ ဒါပေမဲ့ သိလား။ မမရီရယ်။ကျွန်မက ကံအကောင်းဆုံး လူဖြစ်ခဲ့ပေမယ့် မမရီအတွက်တော့ ကျွန်မနဲ့ တွေ့ရတာ ကံ‌အကောင်းဆုံး မဟုတ်ဘူး ထင်ပါတယ်။"

အကယ်၍သာWhere stories live. Discover now