CTML-2

1.8K 177 19
                                    

Unicode

ငါပြောမယ် ငါဖတ်ဖူးသမျှ novelတွေထဲမှာ ဒီnovelကကျက်သရေအတုံးဆုံးပဲ။

ဒါကိုဘာကြောင့်ဒီလောက်ထိနာမည်ကြီးနေရတာပါလိမ့်။

ဝမ်းနည်းဖို့တောင် မတန်တာကို။

ဒါပေမဲ့လည်း သောက်ကျိုးနည်း သူမအပိုင်း 100လောက်ရှိတဲ့ novelကို တစ်ညလုံးမအိပ်ဘဲ ဖတ်ခဲ့မိတာ။

တစ်ညလုံးမှာ ငါးမိနစ်လေးတောင်အနားမယူမိဘဲ! တကယ့်ကို သောက်ကျိုးနည်းဖတ်ခဲ့မိတာ။

Jennie အိပ်ယာထဲကနေ သူမအမေကို လှမ်းပြီး တောင်းပန်လိုက်သည်။

ထို့နောက် သူမ Authorအကောင့်၏message boxထဲကိုဝင်ပြီး လှမ်းစာပို့မိ၏။

* ငါ့ဘဝမှာ ဒီလောက် ဆိုးတဲ့novelကိုဖတ်ဖူးတာပထမဆုံးပဲ ဖတ်မိတဲ့ကိုယ့်ကိုတောင် သနားမိတယ် ခင်ဗျားဇာတ်လမ်းက ဗီလိန်ထက် အဓိကဇာတ်လိုက်တွေကို ပိုပြီးဦးစားပေးထားတာပဲ 😡 *

သူမ novelမှာရေးထားတဲ့ commentsတွေကိုဖတ်ရလေလေ ပိုစိတ်တိုလာလေလေပဲ။ဘာကြောင့် ဗီလိန်ကို အားပေးတဲ့ commentsတစ်ခုတစ်လေတောင်မတွေ့ရတာလဲဟေ။

ဇာတ်လိုက်ကို ဘယ်လောက်ကြိုက်ပြီး အားပေးနှစ်သက်ပါစေ သူမကတော့ ဗီလိန်ဘက်ကပဲရပ်တည်မယ်။

ဗီလိန်တောင် ဗီလိန်တိုင်းကိုမဟုတ်ဖူး အခုသူမဖတ်ခဲ့တဲ့ novelထဲက ဗီလိန်လေးကိုပဲ။

ဒီလောက်သနားစရာကောင်းတဲ့ ဗီလိန်ကို သူမဘဝမှာတွေ့ဖူးတာ ပထမဆုံးပဲ။

ကျစ်! ပြောင်းလဲလို့ရရင် အဓိကဇာတ်ဆောင်တွေကို ပြောင်းလဲပစ်လိုက်ချင်တယ် ဗီလိန်ကိုအသက်ရှင်အောင်ကယ်ပြီး‌တော့ပေါ့။

အခုလောလောဆယ်တော့ ညိုမည်းနေတဲ့မျက်ကွင်းလေးတွေကို မိတ်ကပ်ဖို့ကာ အလုပ်သို့ထွက်ခဲ့လိုက်သည်။

အလုပ်လုပ်နေရင်း ကြမ်းပြင်ပေါ်ပစ်လဲမကျဖို့ မျှော်လင့်မိပါရဲ့။

______________________________

အလုပ်ဆင်းတဲ့အချိန် ho yeon jungက ပျက်ယွင်းနေတဲ့မျက်နှာနဲ့ သူမကိုလာခေါ်တယ်။

" Jen နင်ဖုန်းကိုတစ်ချက်ဖွင့်ပြီး Lisa Instagramကို ကြည့်ကြည့်လိုက်အုံး အကုန်ပွက်လောရိုက်နေကြပြီ "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now