CTML-5

1.4K 164 18
                                    

Unicode

Jennie သူမကိုဦးညွှတ်နေတဲ့အစေခံကောင်မလေးတွေကို ကျော်ကာ ဟိုနာအွန်းကို‌အပြင်တွင်နေခဲ့ရန်မှာကြားလိုက်ပြီး မိမိအခန်းထဲ ဝင်ခဲ့လိုက်သည်။

ထို့နောက် စားပွဲတွင်ထိုင်ကာ စာရွက်ဖြူတစ်ရွက်ကိုဆွဲယူပြီး စုတ်တံကိုမင်ရည်ခွက်ထဲတွင်နစ်ကာ ရှေ့ဆက်ဖြစ်လာမယ်အပိုင်းတွေကို မှတ်မိသလောက် စတင်ရေးသားတော့သည်။

ဒီနေ့က သူမဒီnovelထဲကို ရောက်လာတာ နှစ်ရောက်မြောက်တဲ့နေ့။

Kim Jennieရဲ့ဖခင်ဖြစ်သူကိုလည်း တွေ့ခွင့်ရသလို ဒုတိယမိဖုရားရဲ့သမီးတော် Liမင်းသမီးနဲ့ parkမျိုးရိုးရဲ့သမီးတော် Park chaeyoungကိုလည်း တွေ့ခွင့်ရခဲ့တယ်။

ဒါပေမဲ့ ဇာတ်လမ်းရဲ့အဓိကကြောရိုးဖြစ်တဲ့ ဇာတ်လိုက်မကိုတော့ သူမ မတွေ့ရသေးပေ။ ပြီးတော့ အိမ်ရှေ့စံမင်းသမီးကိုရော။

နောင်တစ်ချိန်မှာ အိမ်ရှေ့စံမင်းသမီး ပြီးတော့  Liမင်းသမီးနဲ့ Park chaeyoungတို့က အ‌ဓိဇာတ်လိုက်ရဲ့ အဓိကထောက်တိုင်ကြီးတွေဖြစ်လာလိမ့်မည်။

ထိုလူသားသုံးယောက်ရဲ့ နောက်ခံရှိလာတဲ့ ဇာတ်လိုက်က သူမကိုအနှောက်အယှက်ပေးခဲ့တဲ့ Jennieကို ဒီတိုင်းလွှတ်ပေးမယ်လို့တော့ သူမ မထင်ဖူး။သူမက သေချာပေါက် Jennieကိုလက်စားပြန်ချေလိမ့်မယ်။

အရင်ကိုယ်က Park chaeyoungကို ချစ်ခဲ့သည်။park chaeyoungက သူမကိုသူငယ်ချင်းလိုမျိုးသာ သဘောထားပြီး ဇာတ်လိုက်ကိုစိတ်ဝင်စားခဲ့သည်။

ဒါပေမဲ့ သူငယ်ချင်းလိုသဘောထားခဲ့တဲ့စိတ်က ပြီးဆုံးခဲ့ပြီ။အခုလောလောဆယ် Park chaeyoungက သူမကိုအရမ်းမုန်းတီးနေတယ်။

Novelထဲမှာတော့ Jennieကတစ်ယောက်ယောက်ရဲ့နောက်ကို အမြဲ‌တကောက်ကောက်လိုက်ပြီး ထိုလူသားကိုငေးကြည့်နေခဲ့တာတဲ့။ဘယ်သူဆိုတာကိုပြောမပြသွား။ဒါပေမဲ့ အဲ့ဒါက သူမရဲ့ငယ်သူငယ်ချင်း park chaeyongဆိုတာသိသာနေတာပဲ....။

Jennieက သူမနောက်တကောက်ကောက်လိုက်ခဲ့ရုံလေးတင်လေ။ဒါကိုသူမက မုန်းတီးသွားစရာလား။ဖြစ်နိုင်တာကတော့ သူမ မသိတဲ့လျို့ဝှက်ချက်တစ်ခုခုတော့ရှိနေပြီ။Park chaeyoungက သူမကို မုန်းတီးသွား‌စေခဲ့တဲ့ အချက်တစ်ခုခု။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now