CTML-14

1.2K 156 19
                                    

Unicode

Jennie စီးရတဲ့ မြင်းက ဒေါင်ကောင်းကောင်း မြေကြီးရောင်လေး။သူမ မြင်းရဲ့ကြမ်းရှတဲ့လည်ဆံမွေးတွေကိုပွတ်သပ်ပေးရင်း Lisaရဲ့မြင်းနဲ့ Chaeyoung ရဲ့မြင်းကို ကြည့်လိုက်တယ်။

Chaeyoungမြင်းက အညိုရင့်ရောင်ဖြစ်ပြီး Lisaရဲ့မြင်းကတော့ အနက်ရောင်ဘက်သမ်းတဲ့အရောင်ဖြစ်နေသည်။

ဘာပဲဖြစ်ဖြစ် သူမမြင်းကအလှဆုံးပဲ......

" နင့်မှာ နာမည်ရှိလား "

မြင်းရဲ့လည်ဆံမွေးကို ငြင်သာစွာဖွရင်းဆိုတော့ ထိုမြင်းက ခေါင်းကိုတစ်ချက်ခါသည်။

" ဆိုတော့ နင့်မှာ မရှိဖူးပေါ့ "

ရှေ့မှာစီးနေတဲ့ Liမင်းသမီးကြောင့် Jennieစကားကြောင့်နောက်လှည့်ကာ

" ဒီကောင့်မှာ နာမည်မရှိသေးဖူး.... ပြီးတော့ သူက ဒီထဲမှာ အငယ်ဆုံးနဲ့ ဉာဏ်အကောင်းဆုံးမြင်းပဲ... "

" ဝါးးးး ဒါဆို ကျွန်မက အကောင်းဆုံးမြင်းကို ရထားတာပေါ့.... "

" Lil.. မင်းသမီး ကျွန်မသူ့ကိုနာမည်ပေးလို့ရမလား "

Liမင်းသမီးက မြင်းဇက်ကြိုးကို ထိန်းရင်း

" မင်းကိုပေးထားတာပဲ မင်းစိတ်ကြိုက်လုပ်ပေါ့ "

" ကောင်းပြီ ဒါဆို ဒီနေ့ကစပြီး မင်းကို လီနီ(Li-nie) လို့ခေါ်မယ် "

Liမင်းသမီးမျက်နှာက ရှေ့တည့်တည့်ကြည့်နေ‌သော်လည်း နာမည်ကြောင့် မျက်နှာတွန့်သွားသည်။

" နာမည်ကလဲ ပိုင်ရှင်လိုဘဲ ဆိုးလိုက်တာ "

အမှန်တော့ Jennieက နာမည်ကို စိတ်ထဲရှိရာ ပေးလိုက်ခြင်း.......

Liမင်းသမီးရဲ့ ခပ်တိုတိုးဆိုသံကိုသာ ကြားအုံးမည်ဆိုလျှင် သေချာပေါက် နှုတ်ခမ်းဆူကာ ငြင်းချက် ထုတ်ပေအုံးမည်။

လမ်းခရီးက Liမင်းသမီးပြောသည့်အတိုင်းပင် ကြမ်းတမ်းကာ ပင်ပန်းလှသည်။သူမစီးနေသည်က ကားမဟုတ်ပါဘဲ မြင်းဖြစ်နေသောအခါ ပိုဆိုးချေ၏။

တင်ပါးလည်းကြိမ်းတယ်။ကျောလည်းတောင့်တယ်။

တစ်လမ်းလုံးက စိမ်းစိုနေကာ မြင်းလှည်းနဲ့ မြေကြီးပွတ်တိုက်သံ တစ်ကျွီကျွီနှင့် သူမတို့ရဲ့မြင်းခွာသံသာ ထွက်ပေါ်နေပြန်တယ်။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now