CTML-23

1.7K 160 65
                                    

Unicode

" လေးကြိုးကိုအစွမ်းကုန်ဆွဲထားပြီး စိတ်ကိုပေါ့ပါးအောင်ထား...ပြီးတာနဲ့ မြှားကို တန်းလွှတ်လိုက်....အခု!!! "

ဝှီးးး..... ဒုတ်....

မြှားက တောဝက်ဘေးက မြေပြင်၌ထိုးဆင်းသွားသောကြောင့် Jennieစိတ်ပျက်စွာခေါင်းကိုခါရမ်းလိုက်သည်။

" ဘာမှမဖြစ်ပါဖူး nini....ခုမှ ပထမဆုံးအကြိမ်ရှိသေးတာပဲကို.... "

Chaeyongက သူမပုခုံးကိုနှစ်သိမ့်သလို ပုတ်ပေးပြီး တောဝက်ကို သူမမြှားနဲ့ တိတိကျကျထပ်ချိန်ကာ ပစ်လွှတ်ပြန်သည်။

ထိုအခါ ‌လေထဲ၌ပျံသန်းသွားသော သူမမြှားကို တစ်ခြားမြားတစ်စင်းက ဝင်တိုက်ပြီး လမ်းလွှဲစေကာ မြေကြီးပေါ်သို့ ထိုးဆင်းစေ၏။

ဝင်တိုက်သွားတဲ့မြှားကတော့ တောဝက်၏ ဦးခေါင်း၌အရှိန်ပြင်းပြင်းဖြင့် စိုက်ဝင်သွားသည်။

" အမ် "

Jennieအံ့ဩတကြီး ရေရွတ်ပြီး နောက်သို့ လှည့်ကြည့်လိုက်တော့ သူမတို့ကို မျက်နှာသာနဲ့တစ်ချက်သာကြည့်ပြီး တောက်ဝက်ဆီသို့သာ ဆက်လျှောက်သွားတဲ့ Liမင်းသမီး....။

သူမက မြှားကို တောဝက်ခေါင်းထံမှာ အားဖြင့် ဆွဲနှုတ်လိုက်ကာ သူမဘေးမှပါလာသော အိုဆိုယူကို လှမ်းပစ်ပေးလိုက်သည်။

ပြီးနောက် chaeyong ဘက်သို့မေးဆတ်ပြကာ

" ငါမင်းသမီးက... ဒီနေ့အတွက် သမင်တစ်ကောင်တော့ ရချင်တယ်...ငါမင်းသမီးနဲ့အတူ နင်ပါလိုက်ခဲ့ရမယ် "

" အမိန့်အတိုင်းပါ "

Jennieက ဦးညွတ်လိုက်သော chaeyongကိုကြည့်ကာ စိုးရိမ်တကြီးဖြင့်

" ဟိုတစ်လောက်ကမှ မင်းသမီးသမင်ခတ်ခံထားရတာကို....ထပ်ပြီး အန္တရာယ်များတာ လုပ်ဦးမလို့လား "

Jennieကို စူးစိုက်စွာ ကြည့်လာတဲ့ Liမင်းသမီး.... ။

" ဟုတ်တယ်....ငါမင်းသမီးကို ဒဏ်ရာရသွားစေတဲ့ အဲသမင်ကိုပဲ ရအောင်ယူမှာ.... ဒါ့ကြောင့် ကျန်တဲ့ လူတွေက တောထဲကနေပြန်ထွက်ပေးလို့ရမလား "

" အိုဆိုယူနဲ့ ကျွန်မကိုပြောတာပါလား "

" မှန်တယ် "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now