CTML-25

574 69 15
                                    


Unicode

" အိမ်ရှေ့စံက တစ်ခုခုတော့ တစ်ခုခုပဲ...သူမရဲ့ ရောင်ဝါက ကျန်တဲ့ဇာတ်ကောင်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေပေမယ့် ဇာတ်လမ်းအရဆို ဇာတ်လိုက်မရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရတဲ့ဇာတ်လိုက်မို့လို့ ဒီလောက် အရှိန်အဝါတောက်ပသင့်တာ...မထူးဆန်းဖူး ထင်တယ်...ဒါပေမဲ့..ဘာလို့ ငါ့ကို..ဒီလို‌မျိုးကြီး ဇွတ်အတင်းလုယူနေတာ....ဘာလို့လဲ...."

Jennie က စာကြည့်တိုက်ရဲ့ စားပွဲခုံမှာထိုင်နေကာ လက်ဖဝါးပေါ်‌မေးထောက်ပြီး သက်ပြင်းရှိုက်လိုက်သည်။သူမရည်ရွယ်ချက်က အိုဆိုယူနဲ့ သူမရဲ့ ဇာတ်လိုက်တွေကို လက်စားချေဖို့ဖြစ်ပေမဲ့ သူမကိုယ်တိုင်ကိုက အိုဆိုယူနေရာမှာ ဝင်ရောက်သွားတော့ ဘာဆက်လုပ်ရမည်မှန်းမသိဝောာ့ချေ။ ဇာတ်လမ်းရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ဘုရင်ကြီးလည်း လုပ်ကြံမခံရသေးသလို parkအမတ်ကြီးရဲ့ တိုင်းပြည်ကို သစ္စာ‌ဖောက်တဲ့အရိပ်အယောင်ကလည်း အသက်မဝင်သေးချေ။

အရေးကြီးဆုံးတစ်ခုက Liမင်းသမီးနဲ့ အိမ်ရှေ့စံက အိုဆိုယူကို သိမ်းပိုက်ဖို့ အပြိုင်အဆိုင်ကြိုးစားခဲ့တာပဲ...သူမကို သူတို့ရဲ့ ကြင်ယာတော်မြောက်ဖို့ အပြင်းအထန် လုပ်ယူခဲ့တာမို့လား..။

ဒီလိုနဲ့ပဲ အိုဆိုယူက သူတို့ရဲ့ တော်ဝင်မိန့်နဲ့ အကြပ်ကိုင်ခံရပြီး တစ်ယောက်ပြီးတစ်ယောက်နဲ့ အတူတူအိပ်ဖို့ ဖိအားပေးခံလိုက်ရတယ်...။

Jennie ရဲ့ ပတ်ဝန်းကျင်လေထုက အေးစက်မဲမှောင်သွားကာ မျက်လုံးများကလည်း မည်းနက်သွားသည်။

သူမ(အိုဆိုယူ)က အညာတရမိန်းကလေးမို့ အမိန့်ကိုနာခံရုံမှတစ်ပါး ငြင်းဆိုခုခံလို့ မရနိုင်ပေ။ တစ်ခြားသူတော့ ရ‌ပေမဲ့ လီမင်းသမီးကတော့ အဲ့မိန်းမနဲ့ အတူရှိနေဖို့ မဖြစ်နိုင်ပေ။ အထူးသဖြင့် သူမရဲ့ ချစ်သူတစ်ယောက်အနေနှင့်ဆိုလျှင် ထိုဇာတ်လိုက်နှင့် အကြည့်ချင်းဆုံဖို့တောင်ခွင့်မပြုနိုင်တော့ပေ။ သူမ မဖြစ်ဖြစ်အောင်တားမည်။ မရရအောင်လည်း ပါ၀င်နှောက်ယှက်ပါမည်။

အတွေးထဲနစ်မြောနေစဥ်မှာပင် သူမမျက်လုံးတွေက  အေးစက်နေသော လက်ဖဝါး‌တွေဖြင့် ဖုံးကွယ်ခြင်း ခံလိုက်ရသည်။ 

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now