CTML-31

529 60 9
                                    

Unicode

ခွမ်းး!!!

" အဓိပ္ပာယ်မရှိလိုက်တာများ!..."

ဒေါသထွက်နေသော အိမ်ရှေ့စံကို တစ်လှည့် ကြမ်းပြင်ရှိ အစိတ်အစိတ်အမွှာမွှာ ဖြစ်နေသည့်ပန်းအိုဖြူကြီးကို တစ်လှည့် ကြည့်ပြီး Jennieမှာ ခေါင်းကိုက်လာရသည်။ တစ်ချိန်တည်းမှာပင် ကနုတ်များဖြင့် တန်ဆာဆင်ထားသော ပန်းအိုးဖြူဖြူတွေကိုကြည့်ပြီး နှမြောတသဖြစ်လာသည်။ ဟိုဘက်မှာသာ ရောင်းစားရင် ဝမ်သန်းနဲ့ချီပြီး ရနေမှာ...။ဒါဆို သူမလည်း Lisaလေးရဲ့ concert တွေကို တစ်ခုမကျန် ကမ္ဘာပတ်ပြီး လိုက်ကြည့်နိုင်လောက်တယ်။တွေးရင်းဖြင့် ဒေါသထွက်လာကာ

" မဟုတ်သေးပါဖူး....သောင်းကျန်းချင်ရင်လည်း...အိမ်ရှေ့စံရဲ့အဆောင်ထဲမှာပဲ သွားသောင်းကျန်းပါ့လား...ဘာလို့ ကျွန်မအဆောင်ထဲက ပန်းအိုးတွေကို လာခွဲနေရတာလဲ...."

" အာ...ကိုယ် နည်းနည်း စိတ်လွတ်သွားတယ်... "

Jisooက ပြောပြီး ထိုင်ခုံပေါ်ဝင်ထိုင်ကာ Jennieကို ငေးကြည့်နေလေသည်။

Jennieမှာ မသက်မသာ ဖြစ်သွားရကာ

" ဘာလို့..အဲ့လောက်ထိစိုက်ကြည့်နေတာလဲ....နေရခက်အောင်.... "

" Liမင်းသမီး မင်းကို စိုက်ကြည့်တုန်းကတော့ ဒီလိုမဟုတ်ပါဖူး... "

" ဒါကတော့.....Liမင်းသမီးက ကျွန်မရဲ့ချစ်သူကိုး.. "

" ဟွန့်..မင်းက အိမ်ရှေ့စံမင်းသမီးရဲ့ကြင်ယာတော်လောင်းလေ...သူ့ရှေ့မှာ တစ်ခြားမင်းသမီးတစ်ယောက်နဲ့ ရှိနေတာကိုတော့ သိပ်သဘောမကျလှဖူး... "

Jennie ညစ်ညူးစွာ တီးတိုးရေရွတ်မိသည်။

" ကလေးဆန်လိုက်တာနော်... "

" ဘာပြောတယ်?.... "

" ဘာမှမဟုတ်ပါဖူး.... "

" ဒီကိုလာခဲ့.... "

" ဟင်..... "

သူဆီသို့လာရန် ရှည်သွယ်သော လက်ညိုးအား ကွေးကာ ခေါ်နေသော အိမ်ရှေ့စံကြောင့် Jennie တွန့်ဆုတ်စွာဖြင့် တိုးကပ်သွားလိုက်သည်။

အနားရောက်သွားသည်နှင့် Jennieလက်‌ကောက်ဝတ်ကို ဆွဲကာ သူမပေါင်ပေါ်သို့ ဘေးတစ်စောင်းထိုင်စေပြီး...သူကတော့ Jennieပုခုံးပေါ်မေးတင်ထားသည်။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now