CTML-9

1.2K 158 24
                                    

Unicode

Jennie က သူမရဲ့အခန်းထဲမှာ ပြန်လည်နိုးထလာခဲ့တယ်။သူမရဲ့အသက်ရှုသံတွေက မတည်မငြိမ်ဖြစ်နေခဲ့ပြီး မျက်နှာကလည်း သွေးရောင်ကင်းမဲ့နေလျက်ရှိသည်။

သူမရဲ့ဦးနှောက်ထဲမှာ Jennie Kimရဲ့ပုံရိပ်တွေကသာကြီးစိုးနေခဲ့ပြီး Jennie Kimဖြစ်ပျက်ခဲ့တဲ့ပုံရိပ်တွေကတော့ အဖန်တလဲလဲပြေးလွှားနေခဲ့သည်။တစ်ချို့အရာတွေက အနည်းငယ်ဝေဝါးနေပေမဲ့လည်းပဲ....။

သူမခံစားနေရတာတွေက Jennie Kimခံစားနေရတာတွေထက်စာရင် အသေးအမွှားလေးတွေပါပဲ...။

Jennie Kimက သူမမှာရှိသမျှအရာအားလုံးကိုဆုံးရှုံးခဲ့ရတယ်။ရှုံးနိမ့်ခဲ့ရတယ်။

လူတစ်‌ယောက်က သူလုပ်မိခဲ့တဲ့အမှားတစ်ခုအတွက် အရာအားလုံး ပြီးတော့ သူအသက်အပါအဝင် ပေးဆပ်ခဲ့ရတာ တကယ်ရော ထိုက်တန်ပါရဲ့လား။

Jennie အတွက်ကတော့ ဒါကလုံးဝကို အဓိပ္ပာယ် မရှိတဲ့အရာပဲ...။

သူမရဲ့မီးခိုးရောင်မျက်လုံးတွေကစူးရဲလာကာ သူမ စောင်ကိုလုံးချေလိုက်သည်။

" အကုန်လုံးကို ငါ Jennie ruby janeက ပညာပြန်ပေးမှာ... "

သူမသစ်သားသတ္တာထဲမှာ ပန်းနုရောင်ဝတ်စုံကိုလဲဝတ်ပြီး ချယ်ရီပန်းပုံ ငွေဆံတိုးလေးထိုးကာ ခေါင်းကို စောင်းငဲ့ကြည့်လိုက်သည်။

မဲနက်နေသောဆံသားများကြားတွင် ငွေရောင်ဆံထိုးရှည်လေးက သိမ်မွေ့နူးညံ့စွာ တည်ရှိနေပါ၏။

ထို့အတူ သွေးကြောစိမ်းလေးများမြင်နေရသော ပါးဖောင်းဖောင်းလေးနှင့် မျက်နှာလေးကလည်း အထိခိုက်မခံနိုင်‌လောက်အောင်ချစ်စရာကောင်းလွန်းသည်။

သခင်သာအမိန့်ရှိရင် လိုရာ‌ကြွေပြီး စေရာလွင့်မျောပေးမဲ့ဘဝကိုပေးအပ်ခဲ့တာတောင်မှ chaeyoungက ဒီလိုအပြစ်ကင်းစင်တဲ့ကောင်မလေးကို ငြင်းဆိုစွန့်ပစ်ခဲ့တယ်။

Jennie Kimရဲ့အကြောင်းကိုပြန်တွေ့ကြည့်ရင် chaeyoung‌ကလည်း သူမကို သံယောဇဉ်တော့ ရှိနေမှာပဲ။Jennie Kimက တစ်ခြားသူကိုသာ ချစ်မြတ်နိုးပေးဖို့သတိရခဲ့ပြီး သူ့ကိုယ်သူချစ်ပေးဖို့တော့ မစဉ်းစားခဲ့ပေ။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now