CTML-15

1.2K 165 22
                                    

Unicode

ရွာထဲရှိ အချို့အိမ်များမှာ ပြိုပျက်နေပြီး ပင့်ကူမျှင်များ အလိမ်းလိမ်းတွယ်တက်နေ၏။ထိုဖုန်များနှင့် အကျိုးအပျက်များက လပေါင်းများစွာကြာမြင်နေသည်ဆိုတာကို ဖော်ပြနေသယောင်။သေချာသည်ကတော့ တစ်အိမ်တွင်မှ လူမရှိတော့ပေ။ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မတွေ့ရ....

ထို့‌ကြောင့် Chaeyoungမှာ မျက်မှောင်ကြုတ်သွားရကာ

" ဘာလို့ တစ်အိမ်မှလူမရှိတော့တာလဲ?... အများကြီးမရှိရင်တောင် တစ်ယောက်စနှစ်ယောက်စတော့တွေ့သင့်တယ်မို့လား "

" ဒါက အကြောင်းအရင်းသုံးခုပဲရှိမယ် တစ်ခုက တစ်‌ယောက်မှအသက်မရှိကြတော့လို့ နောက်တစ်ခုကတော့ ဒီနေရာမှာ မနေကြတော့ဘဲ တခြား‌နေရာ ပြောင်းရွေ့သွားကြတာပဲ သုံးခုမြောက်ကတော့........ "

Liမင်းသမီးက ဆက်မပြောဘဲ စဉ်းစားဟန်ဖြင့် နှုတ်ခမ်းကို ကိုက်ခဲလိုက်သည်။

" သုံးခုမြောက်က ဘာလဲ? "

သိချင်စိတ်ကြောင့် မျက်လုံးအရောင်တောက်နေသော Jennie၏အမေးစကား........

" အင်း ဖြစ်နိုင်တာက..... ရွာထဲက တစ်နေရာထဲမှာ သူတို့‌တွေစု,နေနေကြတယ် "

Jennieက အံ့ဩစိတ်ဖြင့် ရေရွတ်ကာ

" ဟင်.....ဒီလောက်လူတွေအများကြီးကို သူတို့တွေ တစ်နေရာထဲ စုနေလို့ အဆင်ပြေနိုင်ပါ့မလား..... "

Chaeyoungက စိတ်မချမ်းမြေ့စွာ ခေါင်းရမ်းပြီး တိုးဖွသောလေသံလေးဖြင့် ဆို၏။

" လူ‌တွေ..... အများကြီးမရှိကြတော့ဖူးလေ... "

ထိုအခါမှ Jennieသူမ စကားပြောမှားမှန်းသိသွားတော့သည်။သူမက မျက်နှာငယ်လေးနှင့်

" တောင်းပန်ပါတယ်.... စိတ်ပူသွားလို့ပါ "

Liမင်းသမီးက စိတ်ထဲမထားဘဲ သူမစကားကိုသာ ဆက်ပြောလာခဲ့သည်။

" တွေးကြည့်ရင်တော့ ပထမတစ်ချက်က အဓိပ္ပာယ်မရှိနိုင်လို့ ပယ်ဖျက်တယ်...... ဒါဆိုဖြစ်နိုင်ချေက ဒုတိယတစ်ခုနဲ့သုံးခုမြောက်ပဲ....... "

" ဒါဖြစ်နိုင်တယ် မင်းသမီး... ဒါဆိုကျွန်မတို့လုပ်ရမှာက သူတို့တွေစုပေါင်း စတည်းချနေတဲ့နေရာကို ရှာရမှာပဲ... "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now