CTML-3 : Jennie Kim

1.7K 190 16
                                    

Unicode

Kimမျိုးရိုးနှင့် Parkမျိုးရိုးသည် ဂျိုဆွန်း‌ခေတ်တွင် အာဏာအရှိဆုံးဖြစ်၏။Kimအမတ်နှင့် Parkအမတ်သည် ပြည်သူလူအမြင်တွင် အင်မတန်ရင်းနှီးခင်မင်ကြသော်လည်း အမှန်တကယ်တွင် ထိုသူနှစ်ယောက်မတည့်ကြသည်ကို အတွင်းရှိလူများသာသိကြသည်။

ထိုအမတ်နှစ်ယောက်တွင် သမီးပျိုနှစ်ယောက်ရှိ၏။Kim Jennieနဲ့ Park chaeyoungဟူ၍။

ထိုနှစ်ယောက်သည် အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြ၏။သို့သော် Kimအမတ်ကြီးရဲ့သမီးပျိူက Parkအမတ်ကြီးရဲ့သမီးပျိုကို ချစ်မိသွားသောအခါ--------
______________________________

Kimအိမ်တော်တွင် ဖဲပြားစီးရင်ဖုံးအပြတ်နှင့် ခရမ်းရောင်ဂါဝန်ဆင်တူဝတ် အစေခံမိန်းကလေးများသည် ပျာပန်းခတ်မျှ သွားလာလှုပ်ရှားလျက်ရှိနေသည်။

များပြားလှသော အဆောင်များမှ အခန်းတစ်ခုတွင် အဖြူရောင်အနွေးစောင်ခြုံထားသော မိန်းမပျိုလေးတစ်ယောက်သည် မျက်စိတ်မှိတ်ထားသည်မှာ သက်ရှိအရုပ်မလေးတစ်ဖွယ်လဲလျောင်းနေသလို။

သူမ၏မျက်တောင်ကော့များသည် ယက်တောင်သဖွယ်ဖျာစင်းကြနေပြီးမကြာမီတွင် တလှုပ်လှုပ်ဖြင့် ပန်းဖူးလေးပွင့်လာသည့်အလား ဖွင့်ဟလာ၏။

အဖြူစွတ်စွတ်မျက်သားပေါ်ရှိ မီးခိုးရောင်တောက်ပနေသော မျက်စံများမှာ နက်ရှိုင်းလှကာ အမှောင်ထုက လူတစ်‌ယောက်အား ခုန်အုပ်ဖမ်းဆုပ်ညို့ယူနိုင်သည့်နှယ် ကြည်လင်အားပြင်းလှသည်။ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသောအလှတရားထံ၌ပင် ဒူးထောက်ခစားချင်စရာကောင်းပါ၏။‌

ဘေးနားလေးရှိ အစေခံမိန်းကလေးက မျက်လုံးဖွင့်လာသူကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ

" မမလေး မမလေးသတိရလာပြီ "

" " ကျွတ်! ကျွတ်!ငါရောက်နေတာဘယ်နေရာလဲ ငါအခု အိမ်မှာရှိနေရမှာ မဟုတ်ဖူးလား? "

Jennieအခန်းပတ်ပတ်လည်ကိုဝေ့ဝဲကာကြည့်လိုက်သော် ကိုရီးယားဘုရင်ဇာတ်လမ်းတွဲများတွင်သာ တွေရသော အပြင်အဆင်များ။ဥပမာ သူမအခန်းက တံခါးက စက္ကူအထူနဲ့ကပ်ထားသောတံခါးဖြစ်နေပြီး သူမရှေ့ကမိန်းကလေးက ဂျိုဆွန်းခေတ်အဝတ်အစားဝတ်ထားတာမျိုး။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now