CTML-4

1.7K 180 17
                                    

Unicode

Jennieသည် ဇာပုဝါပါတဲ့ ဦးထုတ်အဖြူဝိုင်းကြီး သူမကို ဆောင်း‌ပေးနေသည်အား မှန်ထဲမှကြည့်လိုက်သည်။ဦးထုတ်လည်းအဖြူ ဝတ်ထားတာကလည်း အဖြူရောင်ဇာနဲ့ဂါဝန်အဖြူသားဆိုတော့ အသုဘအရောင်နဲ့တော့ ဆင်တူနေတယ်။

သို့ပေမဲ့

ကြည့်ကောင်းလွန်းသည်။ဂါဝန်မှာထိုးထားတဲ့ ပန်းပွင့်လေးတွေနဲ့ အင်္ကျီရင်ဘတ်မှာထိုးထားတဲ့ ရောင်စုံပန်းပွင့်လေးတွေက သူမရဲ့ နုနယ်တဲ့ မျက်နှာလေးကို ပိုပြီး နူးညံ့သွားစေသယောင်။

လက်ကိုဆန့်ပြီး ဖောင်းဖောင်းလေးဖြစ်နေသော ပါး‌အား ဆွဲညစ်ကြည့်၏။

အရင်တုန်းက ကိုယ်ထက် အဆတစ်ရာသာအောင် နူးညံ့လွန်းသည်။ အသီးအရွက်တွေ များများစားလို့များလား။ဒီကိုယ်က တကယ့်ကို နေမထိလေမထိလေးပါပဲ။

ပါးကိုဆွဲညစ်ထားလျက်ပင် မီးခိုးရောင်မျက်ဝန်းတောက်တောက်လေးအား ကာရံထားတဲ့ မျက်တောင်တွေကို တစ်ချက်နှစ်ချက်ခတ်လိုက်၏။

ဘေးနားလေးရှိ ဟိုနာအွန်းက သူမကို ငေးကြည့်ရင် ဖြေးညင်းစွာဆိုသည်။

" မမလေး နေမပူခင်သွားတာ အကောင်းဆုံးပါပဲ "

" အင်း ငါသိတယ်... "

သူမသက်ပြင်းချပြီး အခန်းထဲမှထွက်လာသည်။ဒီနေ့ဂျိုဆွန်းမှ ဈေးတန်းထဲကို လျှောက်ပတ်ကြည့်ချင်သောကြောင့် ဟိုနာအွန်းကိုပါ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဟိုဘက်ခေတ်မှာဆို သူမသူငယ်ချင်း ho yeon jung သို့မဟုတ် သူမအမေနှင့်အတူတူ ကိုရီးယားဈေးတန်းတွေကို လျှောက်ပတ်ကြည့်ကြမြဲ။အခုတော့ မရင်းနှီးတဲ့ သူနဲ့သူမတစ်ယောက်တည်းပင်။

အမေနဲ့ ဟိုကောင်မရော ဒီအချိန်ဆို သူမပျောက်သွားတာ သတိမှ ထားမိကြပါ့မလား...။ဒီအချိန်ဆို ဘာတွေများဖြစ်နေကြတော့မလဲ....။

" မမလေး ဟိုတစ်ခေါက်က ချယ်ရီပန်းပုံငွေဆံထိုး ပန်ထိုးချင်တယ်လို့ ပြောဖူးတာ.... ကျွန်မ ပန်းထိမ်ဆရာ ဂန်မိုယူဆီကို သွားပြောပေးရမလား.... သူက ဒီမြို့နယ်မှာ အကောင်းဆုံးပန်းထိမ်ဆရာဖြစ်ခဲ့တာပါ... "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now