CTML-18

1K 134 31
                                    

Unicode

ဝုန်း! ဒိုင်း! ခလွမ်း!

ကြားလိုက်ရတဲ့အသံတွေကြောင့် အိမ်ရှေ့စံရဲ့အခန်းရှေ့မှာ သူမ တိတ်တဆိတ်ရပ်နေမိတယ်...

Kimအမတ်ကြီးပြောပုံအရဆို သူမလိမ်ပြီး Liမင်းသမီးနောက်လိုက်သွားတာပတ်သတ်ပြီး ဒေါသထွက်စိတ်ဆိုးနေပုံရသည်။

တဖြည်းဖြည်းတိုးသွားတဲ့အသံတွေကြောင့် Jennieတံတွေးမျိုချပြီး တံခါးကိုကြောက်ကြောက်လန့်လန့်တွန်းဖွင့်လိုက်ပေမဲ့ တဖက်မှဆွဲဖွင့်လာတဲ့အရှိန်ကြောင့် တစ်ဖက်လူထဲသို့ ယိုင်ကျသွားတော့သည်။

" အော!! သိပ်ကောင်းတယ်! နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့!!! "

" ဟို.. ဟို.. ကျွန်မ.... "

" လာခဲ့!.... "

တံခါးကိုပိတ်ပြီး Jennieလက်ကို ဆွဲကာ အခန်းထဲထိ ဆွဲခေါ်လာ၏။

" မင်းနဲ့အရင် ရင်းနှီးအောင်ကြိုးစားဖို့ စဉ်းစားခဲ့ပေမဲ့ မင်းပုံစံအရဆို ဒီလိုမဖြစ်တော့ဖူးပဲ.... "

ကြမ်းပြင်ပေါ်မှာ ကွဲကြေနေတဲ့ပန်းအိုးတွေကို တအံ့တအံ့ကြည့်နေတဲ့သူမဆီသို့ စာရွက်တစ်ရွက်ထိုးပေးလာ၏။အိမ်ရှေ့စံမင်းသမီးရဲ့မျက်နှာက တင်းမာနေကာ မျက်လုံး‌တွေက Jennieကို ပြင်းပြစူးနစ်နေသော အကြည့်‌တွေဖြင့် ကြည့်နေခဲ့သည်။

" ဒီနေရာမှာ မင်းရဲ့သွေးနဲ့ တံဆိပ်နှိပ်လိုက်ရင် ဒီနေ့ကစပြီး မင်းက... ငါ့ပိုင်တဲ့အရာဖြစ်သွားပြီ.... "

" !!!....... အိမ်ရှေ့စံ ဒီလိုလုပ်လို့မရဖူးလေ.. "

" ဟက်!!.. ဘာကိုမရတာ? ငါလိုချင်တာမှန်သမျှ ငါအကုန်ရအောင်လုပ်မှာ... Jennie ဒီအခြေအနေထိ ဖြစ်အောင်လုပ်တာ မင်းကိုယ်တိုင်ပဲလေ..... "

" ကျွန်မ... ကျွန်မကို ရှင် ဇွတ်အမိန့်ပေးလို့မရဖူး!!.... "

Jennie မျက်စိရှေ့မှောက်မှာရှိနေတဲ့အရာအားလုံးက တစ်ခဏလေးအတွင်းပြောင်းလဲသွားသလိုပင်။အိမ်ရှေ့စံက ဇာတ်လိုက်မင်းသမီးကို ချစ်ကြိုက်ပြီး အပိုင်သိမ်းထားရမှာကို ဘာကြောင့် သူမကို အပိုင်ဖြစ်အောင်လုပ်ယူနေရပါသနည်း.....

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now