CTML-19

946 117 17
                                    

Unicode

Jennieက နားညီးအောင်မှာသွားတဲ့ သမားတော်ပြန်ပြီးတာနဲ့ အိပ်ယာပေါ်မှထကာ ဆင်းဖို့ပြင်တော့သည်။

ဆေးခွက်ယူလာတဲ့ Chaeyongက ဒါကိုမြင်တော့

" ဘယ်သွားအုံးမလို့လဲ ‌အိပ်ယာထဲမှာ အေးအေးဆေးဆေးနေစမ်းပါ "

" ဟင့်အင်း ငါ.. အိမ်ရှေ့စံဆီသွားဖို့လိုတယ် "

အိမ်ရှေ့စံနဲ့ Liမင်းသမီး ရန်ဖြစ်တာကို သူမ မလိုလားပေ။သူတို့က ညီအစ်မတွေမို့လား။သူစိမ်းတွေလို အငြိုးထားရန်ဖြစ်တာကို သူမ ထိုင်မကြည့်နိုင်ပေ။

မူလnovelမှာလည်း သူတို့နှစ်ယောက်က မတည့်ကြပေမဲ့ ဇာတ်လိုက်အိုဆိုယူကြောင့် အချင်းချင်းပိုမုန်းတီးသွားကြသည်။ဇာတ်လိုက်ကြောင့် အချင်းချင်းအငြိုးထားကြပေမဲ့ ဇာတ်လိုက်က ဒါကိုဖြေရှင်းဖို့ မကြိုးစားခဲ့ပေ....

Chaeyongက ဆေးခွက်ကိုတင်းကြပ်စွာဆုပ်ကိုင်ပြီး စားပွဲပေါ်တွင်ဆောင့်ချကာ Jennieကို ကုတင်ပေါ်တွင် ပြန်တွန်းချလိုက်သည်။

" အ! နင်.... "

" ငြိမ်ငြိမ်နေလို့ ငါပြောနေတယ်မလား!.... "

" ________ "

ဒီတစ်ယောက်သည်လည်း တစ်နေ့တစ်ခြားဆိုးဝါးလာသည်ဟု Jennieတွေးလိုက်ပြီး အိပ်ယာထဲ ပျင်းရိပျင်းတွဲ ပြန်လှဲအိပ်လိုက်သည်။

" ဒဏ်ရာက သက်သာလား "

Chaeyongက ဆေးခွက်ကိုပြန်ယူကာ အိပ်ယာနားကခုံပေါ်တွင်ထိုင်ပြီး မေးလေ၏။

" အင်း.... "

" ငါ မင်းကို မေးစရာရှိတယ်.... "

" မြန်မြန်မေး! "

" အဲ့တုန်းက နင်.. ဝူလေးကိုသတ်ခဲ့တာလား "

နှုတ်ခမ်းတင်းတင်းစိပြီး မေးလာတဲ့ chaeyongကြောင့် Jennieကြောင်အသွားသည်။

" ဘယ် ဘယ်သူလဲ.. ငါ လူ..လူမသတ်ခဲ့ပါဖူး "

Chaeyong၏မျက်နှာက တင်းမာသွာပြီး မချိပြုံးပြုံးကာ

" မမှတ်မိတော့ဖူးလား နင်ကို သိပ်သဘောကျခဲ့တဲ့ ခွေးဖြူလေးကိုလေ.... နင်ဘယ်လိုစိတ်နဲ့များ မေ့ပစ်နိုင်ရက်ရတာလဲ...."

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now