CTML-21

1K 114 18
                                    

Unicode

Jennieဘက်က အိမ်ရှေ့စံနမ်းတာကို ဘာကြောင့်ငြိမ်ခံခဲ့ရလဲမသိပေမဲ့ သူမတစ်ကိုယ်လုံးကတော့ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မလိုပင်....။

သူမရဲ့မျက်လုံးထဲမှာ ထိုပုံရိပ်ကြီးသာ အဆက်မပြတ် လွှမ်းမိုးနေတော့၏။

Jennie ကို ရှင်းပြဖို့လာတာဆိုပေမဲ့လည်း အခုတော့ သူမကို ရှင်းပြဖို့မလိုတော့ဖူးထင်ပါရဲ့။Jennieကိုကြည့်ရတာ သူမနဲ့အိုဆိုယူရဲ့ ကောလဟာလနဲ့ပတ်သတ်ပြီး အရမ်းကိုသက်တောင့်သက်တာ ဖြစ်လွန်းအားကြီးတယ်...။

ဘာလို့လဲ ဘာလို့ Jennieက ဒီတိုင်းငြိမ်ခံနေရတာလဲ။ဒီတိုင်း...တွန်းထုတ်တာဖြစ်ဖြစ်ဘာဖြစ်ဖြစ် လုပ်လို့ရတယ်မဟုတ်ာလား....။

Liမင်းသမီး ကိုယ့်ရင်ဘက်ကို လက်နှင့်ဖိကြည့်လိုက်တော့ ဒေါသကြောင့် နှလုံးသားက တဒိတ်ဒိတ်ခုန်လှုပ်နေသည်။

တင်းမာနေကာမျက်နှာသေနှင့် ဝင်လာသော Liမင်းသမီးကို အိုဆိုယူက တအံ့တဩကြည့်ကာ...

" မင်းသမီး တစ်ခုခုကြောင့်များ ဒေါသထွက်လာလို့လား?..... "

" မှန်တယ် ငါမင်းသမီး ဒေါသအရမ်းထွက်နေတယ်... "

Liမင်းသမီးကို မြင်‌‌တွေ့ရတဲ့တစ်လျှောက်လုံး ဒေါသထွက်တာကို အိုဆိုယူမမြင်ဖူးပေ။Liမင်းသမီးက အေးစက်စက်မျက်နှာထားနဲ့ ဆိုပေမဲ့လည်း နှလုံးသားက တည်ငြိမ်ရင့်ကျက်နေသည်။Liမင်းသမီးကို ဒေါသထွက်အောင် လုပ်နိုင်တဲ့သူက ပေါ့သေးသေးတော့မဟုတ်လောက်.....။

Liမင်းသမီးက အခန်းထဲ ဦးတည်ရာမဲ့စွာလမ်းလျှောက်နေရာမှ ရပ်တန့်သွားပြီး

" ငါ့ကိုသဘောကျတယ်ပြောပြီး ဒီလိုဖြစ်နေတာကတော့ လွန်တယ်မဟုတ်လား... ငါမင်းသမီးကို သူကအပျင်းပြေ ကစားနေတာလား?...ကစားလို့ရတဲ့အရုပ်လို့ထင်နေတာလား ငါမင်းသမီးကို?.... "

ဒါပေမဲ့ သူမကို Jennieဖွင့်ပြောတဲ့ပုံစံက လေးနက်ပြီးအတည်ဖြစ်နေတဲ့ပုံစံလေ....။ဒါဆိုဘာလို့ Jennieက အိမ်ရှေ့စံကို....။သူမ ဆက်မတွေးတောနိုင်တော့ပေ။

" ယူနာ.... လေးနဲ့ မြှားကိုယူလာခဲ့စမ်း ငါမင်းသမီး မြှားပစ်ကွင်းမှာစောင့်နေမယ်.... "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now