CTML-24 : replacing FML

845 78 26
                                    

Unicode

အိုဆိုယူက ကပွဲဆီအာရုံမရောက်တော့တဲ့ အိမ်ရှေ့စံကို မသိမသာခိုးကြည့်မိသည်။ခေါင်းကို မသိမသာလှည့်ကာ တစ်ယောက်ယောက်ကို မျက်မှောင်ကြုတ်ရှာနေပုံက သခင်မလေး Jennieကိုများလား။

အိုဆိုယူက နှုတ်ခမ်းကိုတင်းတင်းစိပြီး ခြေလှမ်း‌‌တွေကို အိမ်ရှေ့စံဆီသို့ ဦးတည်လိုက်တယ်။

သူမက မြင်မြင်ချင်းကတည်းက အိမ်ရှေ့စံကိုချစ်မိသွားခဲ့တယ်...။အတင့်ရဲတယ်ပဲဆိုပါစေ...အိမ်ရှေ့စံကပါ သူမကို စိတ်ဝင်စားခဲ့မယ်လို ထင်မှတ်ခဲ့တာလေ...။ခုတော့ သခင်မလေးကို ကြိုက်နှစ်သက်နေတယ်တဲ့လား...။

ဘေးနားက လူတွေကို တစ်ချက်ကြည့်ပြီး..သူမ အိမ်ရှေ့စံ နားလေးကို ဖြည်းဖြည်းချင်းတိုးကပ်လိုက်တော့ အိမ်ရှေ့စံဆီကပျံ့လွင့်လာတဲ့ကိုယ်သင်းနံ့က တကယ့်ကို သင်းပျံ့ပျံ့လေး...။

" သခင်မလေးjennieဘယ်သွားလဲဆိုတာကျွန်မသိတယ်... "

ဖျတ်ခနဲကြည့်လာတဲ့ မျက်ဝန်းတွေက အင်မတန်ကိုလှပါတယ်...ဒါပေမဲ့ အိုဆိုယူရဲ့မျက်ဝန်းတွေက အသည်းပုံရောင် နှုတ်ခမ်းအိအိတွေကနေ မရှောင်လွဲနိုင်ခဲ့ပေ...။

Jennie အမြဲရရှိနေတဲ့ အိမ်ရှေ့စံရဲ့ ကိုယ်သင်းနံ့.....အမြဲ တွေ့မြင်‌နေရတဲ့ အိမ်ရှေ့စံရဲ့ မျက်နှာလှလှလေးဟာ သူမအတွက်သာလျှင်လို့သာ ‌အဆတ်မပြတ်‌ တွေးနေမိသည်။

" သခင်မလေးက Liမင်းသမီးနဲ့ ထွက်သွားတာ တော်တော်ကြာပြီ... သူတို့နှစ်ယောက်က ခုတစ်လော အမြဲတတွဲတွဲဖြစ်နေကြတာ... "

အိမ်‌ရှေ့စံရဲ့ ဒီတစ်ခါသူမကို ကြည့်လာတဲ့အကြည့်‌တွေကြောင့် သူမနှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းသွားရသည်။

အထင်သေးတဲ့အကြည့်....မတူမတန်အကြည့်...အဲ့အကြည့်‌‌တွေကို သူမ သတိထားမိသွားတယ်....။

" အစေခံက အစေခံနေရာမှာပဲနေ...."

ပျက်ယွင်းသွားတဲ့ မျက်နှာကို ချက်ချင်းပြန်ပြင်ကာ အားတင်းပြုံးလိုက်ပြီး....

" မင်းသမီးတို့သွားတဲ့နေရာကို ကျွန်မသိတယ်...ပြီးတော့ မင်းသမီးတို့က သွားရုံတင် သွားကြတာ မဟုတ်ဖူး... "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now