CTML-11

1.2K 151 19
                                    

Unicode

Liမင်းသမီးဘဝသည် အေးစက်နေသည့် မေတ္တာတရားနှင့် အချိန်ပြည့်ထောင်ချဆင်ထားသည့် နန်းတော်ထဲတွင် အမြဲတစေနေသားကျနေခဲ့ရသည်။သူမ မိခင်က သူမကိုချစ်သည်လဲမပြောသလို မုန်းနေသည်ဟုလည်း မဆိုလိုပေ။

သို့သော်ငြား အလွန်တရာမှ သူမနှင့် ကင်းကင်းကွာကွာ နေလေ့ရှိသည်။

အကြောင်းပြချက်ကတော့ သူမသည် ယောက်ျားလေးတစ်ဦးမ‌ဖြစ်ခဲ့လို့။အကယ်၍ယောကျာ်းလေးသာဖြစ်ခဲ့မည်ဆိုပါက ထီးနန်းအတွက် နန်းမွေခံဖို့ရန် အလျောင်းအလျာ ရရှိနိုင်သလို သူမအမေဖြစ်သူသည်လည်း တော်ဝင်ဖိဖုရားပေါင်းများစွာကို နိမ့်ချစွာဆက်ဆံရသည့် သာမန်မိဖုရားတစ်ပါး မဖြစ်လာတော့ပေ။

ထူးဆန်းစွာပင် နန်းတော်ထဲရှိမိဖုရားများသည် သမီးမိန်းကလေးများသာ မွေးဖွားခဲ့ကြသည်။Jisooမင်းသမီးကို မွေးဖွားခဲ့သော မိဖုရားခေါင်ကြီးလည်း အပါအဝင်။

ထို့ကြောင့် မိဖုရားသည် Liမင်းသမီးကိုကိုယ်ဝန်ဆောင်စဉ်က လူ့လောကပင်မရောက်ရှိသေးသောသူမကလေးငယ်အား အလွန်မျော်လင့်အားထားခဲ့ရသည်။

သူမလိုသာမန်ကြင်ယာတော်လေးတစ်ယောက်ကို တော်ဝင်မိဖုရားငယ်များ သူမထက်တစ်ဆင့်မြင့်ကာ နောက်ခံရှိသောကြင်ယာတော်များက မတူသလိုမတန်သလိုဆက်ဆံခဲ့သည်မှာ ခံရခက်လှပေသည်။သူမက သူမထက်အာဏာပိုရှိတဲ့လူတွေကို ဘာများပြန်လုပ်နိုင်မည်တဲ့လဲ။သူတို့တွေက သူမ ခေါင်းပေါ် တရိစ္ဆာန် ကျင်ငယ်ရည်စွန့်ပစ်တယ်ဆိုရင်တောင်မှ ခေါင်းငုံ့ခံရမည်သာဖြစ်သည်။

သို့သော် သူမက လူ။ခံစားချက်မရှိတဲ့ အရုပ်လေးတစ်ရုပ်တော့မဟုတ်ပေ။အခုတော့ သူမတွင် သူမကိုယခုအောက်ကျခံရသောဘဝမှ ကယ်တင်ပေးနိုင်သော ကလေးလေးရှိနေမည်ဖြစ်သည်။ပြီးတော့ ထိုကလေးသည် နန်းသွေးကိုဆက်ခံပိုင်ခွင့်ရှိသော ယောက်ျားလေးတစ်ဦးဖြစ်ရမည်။

သူမကို အမြင့်မြတ်ဆုံးနေရာထိပို့ဆောင်ပေးနိုင်သော သားယောက်ျားလေး။သူမအား လူတွေဦးညွှတ်ခစားလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ သူမရဲ့သားငယ်လေး။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now