CTML-28

563 65 16
                                    

Unicode

Chaeyoungက Jennieရဲ့ ပေါက်နေတဲ့ အောက်နှုတ်ခမ်းကို နားမလည်နိုင်သလို ကြည့်‌နေသည်။

လွန်ခဲ့တဲ့တစ်နာရီလောက်က သူမနှုတ်ခမ်းမှာ ဘာဒဏ်ရာမှ မရှိပါဖူး......။ခုကျမှ ဘာလို့ ပေါက်ပြဲနေရတာလဲ....။ အတွေးနဲ့အတူ သူမရင်ထဲ တင်းကျပ်သွားရသည်။ သူမကို Jennie ဆက်ပြီး သဘောကျနိုင်လောက်သေးလား?....။အဲ့ဒီ မေးခွန်းနဲ့ပတ်သတ်ပြီး သူမ ယုံကြည်ချက်ရော မျော်လင့်ချက်ရော မထားရဲပါချေ။ သို့ပေမဲ့လည်း Jennieကို လက်လွှတ်ပေးမယ်လို့လည်း မဆိုလိုပါ....Jennieက သူမရဲ့ငယ်ချစ်ဦးဖြစ်ခဲ့ဖူးသည် မဟုတ်လား.....။

" လုပ်ပါ chaeyoungရယ် ငါက မင်းသမီးကို အန္တရယ်ပေးတဲ့သူ ဖြစ်နိုင်ပါ့မလား...ဒီတိုင်း မျက်နှာလေးပဲကြည့်ပြီး ပြန်သွားမှာပါ...သူ အဆင်ပြေရဲ့လား သိချင်ရုံလေးပါ..."

သူမ မျက်နှာငယ်လေးနဲ့ တောင်းဆိုသော်လည်း chaeyoungက မျက်နှာသေနှင့် နည်းနည်းလေးမှ ပျော့ပျောင်းမသွားချေ...။.

" မင်းသမီး အဆင်ပြေသွားပါပြီ...ဒါပေမဲ့ လုံခြုံရေးအရ ဘုရင်ကြီးက ဘယ်သူကိုမှ တွေ့ခွင့်မပေးဖို့ အမိန့်ပေးထားတယ်..."

"......ငါက....တခြားလူမှမဟုတ်ပဲ...မင်းသမီး သမင်ခတ်ခံရတဲ့ဒဏ်‌ရာကြောင့် ဒုက္ခရောက်တုန်းကလည်း ငါပဲကူညီပေးခဲ့တာပဲ.....အဲ့တာတောင် တွေ့ခွင့်မရှိဖူးလား....ဟမ်..."

" မရှိဖူး....Liမင်းသမီးနဲ့ တွေ့စရာအကြောင်းလည်းမရှိသလို....တွေ့ခွင့်လည်းမပေးနိုင်ဖူး...."

ဒေါသကြောင့် ပန်းရောင်သန််းလာတဲ့ Jennieရဲ့မျက်နှာလေးကိုကြည့်ပြီး chaeyoung စိတ်ထဲ မသက်မသာခံစားလာရသည်။သူမက ဘာလို့ Liမင်းသမီးကို သိပ်ဂရုစိုက်နေရတာလဲ....။ဘာဖြစ်ချင်လို့ တွေ့ချင်နေရတာလဲ?....။အတွေးများနှင့်အတူ နှလုံးအိမ်က လေးလံသိပ်သည်းလာရသည်။

ကိုယ် မင်းနဲ့အတိုက်အခံတွေ မလုပ်ချင်တော့ဖူး....အချစ်ရယ်....။

" ဘာ!!....ငါက Liမင်းသမီးရဲ့ ချစ်သူဆိုရင်ရော နင်တားရဲသေးလား!...."

" ______ "

Jennieက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မီးခိုးရောင်မျက်ဝန်းတွေဖြင့် ခက်ထန်စွာ ကြည့်ပစ်လိုက်သည်။သူမရဲ့ မျက်ဝန်းတွေတ chaeyoungအတွက် ငြင်းဆိုမရနိုင်သည့် အမိန့်စကားလုံးတွေနှင့် ထပ်တူကျနေသည်ကိုတော့ သူမကိုယ်တိုင် မရိပ်မိခဲ့....။Chaeyoung၏နှလုံးသားသည် ပျော့ပျောင်းလာခဲ့သော်လည်း အနည်းငယ် ထိရှသွား၏။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now