Unicode
Jennie အဆောင်တော်သို့ ပြန်ရောက်လာချိန်တွင် မည်သူမျှ မရှိတော့ချေ။ကြမ်းပြင်ပေါ်ရှိ ဖန်ခွဲစတွေလည်း မရှိတော့သည့်အပြင် အိမ်ရှေ့စံမင်းသမီးလည်း ရှိမနေတော့ချေ။ သူမ သက်ပြင်းအသာအယာချပြီး...ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
သူမသည် Kimအမတ်ကြီး၏ သမီး Jennie Kimမဟုတ်ချေ။ သို့ကြောင့် အိမ်ရှေ့စံမင်းသမီး...Liမင်းသမီး...Park chaeyoungနဲ့ အိုဆိုယူတို့ကို ထို Jennie Kim လောက် ရွံ့ရှာ မုန်းတီးခြင်းမရှိသော်လည်း Liမင်းသမီးမှလွဲ ကျန်သူအားလုံးနှင့် ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံချင်စိတ်မရှိသည်ကတော့ မှန်ကန်သည်။
" သခင်မလေး... သခင်မလေး chaeyoungက တွေ့ခွင့်တောင်းနေပါတယ်... "
ရံရွေတော်၏ စကားကြောင့် Jennie တုန့်ဆိုင်းသွားသော်လည်း ခေါင်းကို ညိမ့်ပြလိုက်၏။
" ရပါတယ်....ဝင်ခိုင်းလိုက်ပါ.. "
သူမစကားဆုံးသည်နှင့် အစေခံထွက်သွားပြီး မကြာခင် Chaeyoun ဝင်လာသည်။ အနက်ရောင်ဝတ်စုံနှင့်ပဲဖြစ်သလို လက်ထဲတွင်လည်း ငွေရောင်ဓားကို ကိုင်ဆောင်ထားသေး၏။
" Jennie... "
" ပြော... "
Chaeyoungက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ သူမ၏ ငွေရောင်ဓားကို စားပွဲထက်တွင် တင်လိုက်သည်။ Chaeyoung၏ အသားအရေသည် ဖြူဖျော့နေကာ နှုတ်ခမ်းပါးတို့က နီစွေးနေလေသည်။ သူမက နှုတ်ခမ်းကို တစ်ချက်သတ်ပြီး Jennieကို စိုက်ကြည့်လာကာ
" အိမ်ရှေ့စံရဲ့ ကြင်ယာတော်ဖြစ်ဖို့ သဘာတူလိုက်တယ်ဆို... "
" အင်း.... "
" မင်းက..ကိုယ်သိဖူးတဲ့ ကောင်မလေးနဲ့မတူတော့ဖူးဘဲ...ပိုပြီး အရောင်အသွေးစုံလာတယ်.. "
" ____ "
Jennieက မည်သည့်စကားမှ မဆိုဘဲ..ရေနွေးကရားကိုငှဲ့ကာ ရေနွးခွက်အား Chaeyoungဆီသို့ ချပေးလိုက်သည်။သူက သူမသိခဲ့တဲ့ Jennie Kim မဟုတ်တော့ဖူးဆိုတာကို Chaeyoungအား ပြောခဲ့ဖူးပါ၏။ သူမအတွက် ကိုယ်တိုင်ငှဲ့နေလိုက်ကာ
" အဖြူဗလာသက်သက်ထက် အရောင်တွေနဲ့လိုရာပုံဖော်ပြီး လှနေမှ လူတွေက စိတ်ဝင်စားကြတာမဟုတ်လား?...Chaeyoungက အရင်Jennieထက် အခုJennieကို ပိုစိတ်ဝင်စားနေသလိုမျိုးပေါ့.. "
YOU ARE READING
𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉
Romance" ကျွတ်! ကျွတ်!ငါရောက်နေတာဘယ်နေရာလဲ ငါအခု အိမ်မှာရှိနေရမှာ မဟုတ်ဖူးလား? " " အားးး!! ငါအခု glဝတ္ထုထဲကို ရောက်သွားတာလား " " အားးးးးး!!!! ငါအခုမြင်နေရတာ ငါ့အသဲလေး Lisa manobanလား " ZawGyi+Unicode Lisa X Jennie Chaeyoung X Jennie JisooX Jennie ♥️Jenlis...