Unicode
အိမ်ရှေ့စံမင်းသမီးက လာမယ့်လပြည့်နေ့မှာ Jennieကို ကြင်ယာတော် တင်မြောက်လိမ့်မယ်..
Liမင်းသမီးက သူမလက်ထဲမှ စာလွှာကို ဆုတ်ဖြဲကာ လွင့်ပစ်လိုက်သည်။ အနှီစာလုံးများကြောင့် သူမ၏နှလုံးအိမ်မှာ ကျောက်တုံးနှင့် ဖိတင်ထားသလို လေးလံသိပ်သည်းသွားရသည်။
" ဆီလျော်မှု မရှိလိုက်တာ!... "
ဘေးနားလေးမှာ ရပ်နေတဲ့ chaeyoungက ကြမ်းပြင်၌ကျနေသော ဆုတ်ပြဲနေသည့်စာလွှာကို ကောက်ယူလိုက်ကာ စာလုံးများကို အားယူကာ ဖတ်ကြည့်နေသည်။
" သူက ငါမင်းသမီးကို...သက်သက်မဲ့...ရန်စနေတာ .....Jennieက ငါ့ချစ်သူဆိုတာသိရဲ့သားနဲ့... "
" ချစ်သူ?... "
Chaeyoung က အနည်းငယ် အသက်မဲ့သော လေသံဖြင့်
" မင်းသမီးရဲ့ နှလုံးသားထဲမှာတောင် မရှိဘဲနဲ့...ချစ်သူဆိုတဲ့ စကားလုံးသုံးပြီ...Jennieကို မချည်နှောင်ထားသင့်ဖူး... "
Liမင်းသမီး၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသော်လည်း သူမက chaeyoungကို သနားသလို ကြည့်လာသည်။
" နင် ဘာမှမသိပါဖူး Park chaeyoung...ဘယ်တော့မှလည်း သိလာမှာမဟုတ်ပါဖူး..."
" မှန်ပါတယ်.. အလုံးစုံသိဖို့ တာဝန်က ကျွန်မနဲ့ မဆိုင်ပေမဲ့...Liမင်းသမီး...ရှင်က အိုဆိုယူကို အရမ်းသဘောကျနေခဲ့တာလေ.....Jennieကို ဘာကြောင့်များ ကစားနေရတာလဲ?...."
" အဲ့တာကြောင့် ငါ ပြောနေတာပဲလေ...နင်ဘာမှ မသိပါဖူးလို့...."
Liမင်းသမီး၏မျက်လုံးအိမ်တွင် အေးစက်သော အလင်းရိပ်တစ်ချို့ ထင်ဟပ်နေသောကြောင့် စူးရှတောင်ပြောင်နေလေ၏။
Chaeyoungက အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ
" ကျွန်မ.... "
" တော်ပြီ...chaeyoung....ငါမင်းသမီး ဘာမှထပ်မကြားချင်တော့ဖူး...ဒီမှာတင်ပဲ ရပ်လိုက်ကြတာပေါ့...."
" ____ "
Chaeyoungမှာ မည်သည့်စကားမှ ထပ်မဆိုတော့ပဲ...စာလွှာကို စားပွဲထက် တင်ခဲ့ကာ အခန်းထဲမှ ထွက်သွားတော့၏။ Li မင်းသမီးက ထိုစာလွှာအား ရွံရှာသည့်အရာသဖွယ် စိုက်ကြည့်ပြီး
YOU ARE READING
𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉
Romance" ကျွတ်! ကျွတ်!ငါရောက်နေတာဘယ်နေရာလဲ ငါအခု အိမ်မှာရှိနေရမှာ မဟုတ်ဖူးလား? " " အားးး!! ငါအခု glဝတ္ထုထဲကို ရောက်သွားတာလား " " အားးးးးး!!!! ငါအခုမြင်နေရတာ ငါ့အသဲလေး Lisa manobanလား " ZawGyi+Unicode Lisa X Jennie Chaeyoung X Jennie JisooX Jennie ♥️Jenlis...