CTML-22

1.1K 135 34
                                    

Unicode

" နန်းတော်ထဲ မှော်ပညာကို ပိတ်ပင်ထားတယ်ဆိုတာ မင်းလည်းသိပါတယ်... အကာအကွယ်တွေလည်း တားထားရဲ့သားနဲ့ ဘယ်လိုလုပ် အောက်လမ်းမှော်တွေက နန်းတော်ထဲ ပျံ့နှံ့လာတာလဲ "

အိုဆိုယူက ဖြူဖျော့နေတဲ့မျက်နှာနဲ့ မြေကြီးပေါ်ဒူး‌ထောက်ချလိုက်သည်။သူမလို အောက်လမ်းကျင့်ကြံတဲ့သူကိုပါ ထိခိုက်မိသလိုဖြစ်သွားသော ထိုအောက်လမ်းမှော်က တကယ့်ကို ဘာများလဲ?...။

" တကယ့်ကို ပြောရခက်ပြီး ထူးဆန်းပါတယ် မင်းသမီး.... သေချာတာကတော့ ဒီလိုအောက်လမ်းအငွေ့အသက်တွေနန်းတော်ထဲရှိနေတာဟာ မကြာခင်မကောင်းတာတစ်ခုခု ဖြစ်ရတော့မယ်ဆိုတဲ့ လက္ခာမျိုးဖြစ်နိုင်ပါတယ်..... "

Liမင်းသမီး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ

" ရာရာစစ... ဘုရင်ကိုယ်တိုင်ရှိနေတဲ့ နန်းတော်ထဲကိုများ.....မဟုတ်မှ park အမတ်ကြီး... "

Parkအမတ်ကြီးက အပြင်ပန်းမှာ ချိုသာသူဖြစ်သော်လည်း တန်ပြန်မနေ့က ညီလာခံမှာတော့ ဖခမည်းတော်နှင့် အချေအတင် စကားများသွားကြသေးသည်။အင်ဆွန်းရွာ ငတ်မွတ်ဘေးနှင့် ပတ်သတ်ပြီး....ထိုကိစ္စက နန်းတွင်းက လူတစ်ချို့နှင့် ပတ်သက်နေသည်ကြောင့် ဖခမည်းတော်က အာဏာအရှိဆုံးဖြစ်သည့် Park အမတ်ကြီးနှင့် Kimအမတ်ကြီးကို သံသယအရှိဆုံးထဲ ထည့်ထားသည်။ဒါပေမဲ့.... Parkအမတ်ကြီးက ဖြစ်နိုင်ချေအရှိဆုံးပဲ.။

အတွေးနစ်နေသည့် Liမင်းသမီးက တစ်ခုခုဆက်ပြောချင်နေပုံရသည့် အိုဆိုယူကိုတော့ ထူးဆန်းစွာပင် သတိထားမိသွားသည်။

" ပြောစရာကျန်သေးလို့လား....ပြောစမ်း! "

" ဟို...သခင်မလေး ကျွန်မတို့ကို စိတ်ဆိုးဒေါသထွက်သွားပြီထင်တယ်... "

ကြောက်လန့်နေတဲ့ ဇာတ်လိုက်ကိုကြည့်ပြီး Liမင်းသမီးက

" စိတ်မပူပါနဲ့ သူ..မင်းကို ထပ်အနိုင်ကျင့်လို့ မရပါဖူး.... "

" ဒါပေမဲ့ သခင်မလေးအကြောင်းကို ကျွန်မ ပညာသင်ယူကတည်းက သိနေခဲ့တာမို့... သူမပုံစံက ကျွန်မသခင်မလေး cheyongနဲ့ စကားပြောရင် ဖြစ်သွားတဲ့ပုံစံနဲ့ တစ်ထပ်တည်းပါ.... "

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now