Unicode
" သာမန်အခြေခံလူတန်းစားတွေက နန်းတွင်းနဲ့ပတ်သတ်တဲ့ လူတွေကို ကြောက်ရွံ့တာ ပုံမှန်ပါပဲ... "
" မဟုတ်ဖူး.... သူကမင်းကို ပုံမှန်ထက် ပိုကြောက်ရွံ့နေတာ...ကိုယ်ခံစားမိနေတယ်.. "
Jennie မျက်ဖြူမလှန်မိအောင်ကြိုးစားနေရသည်။အခု Liမင်းသမီးက ခုမှစတွေ့ဆုံတဲ့ အိုဆိုယူကို ကာကွယ်ပေးချင်နေတဲ့အရိပ်အယောင်တွေ ရနေ၏။Jennie သူမတို့ရှေ့မှာ ဘာမှမလုပ်ပဲနေတာတောင် ဇာတ်လိုက် တစ်ချက်ကလေးရွံ့ပြလိုက်တာနဲ့ သူမက လူတွေကို အနိုင်ကျင့်တက်ပြီး ကြောက်စရာကောင်းတဲ့ မကောင်းတဲ့ ဗီလိန်တစ်ယောက်အဖြစ် တည်ရှိသွား၏။
သူမ ဇာတ်လိုက်ရဲ့အရှိန်အဝါကို စတင်စိုးရိမ်ပူပန်လာသည်။သူမလို ဗီလိန်လေးက ဒါကိုယှဉ်ပြိုင်နိုင်လောက်ပါ့မလား....။
Liမင်းသမီးက Jennieမျက်နှာက စိုးကြောက်မှု တစ်စုံတစ်ရာကို မြင်တော့ သက်ပြင်းချကာ လက်ပြခေါ်သည်။
" လာခဲ့.... ငါရေချိုးဖို့ကူညီပေး "
Jennie ကြောင်အသွားသော်လည်း ချက်ချင်းပင်ငြင်းဆန်လိုက်၏။
" ဟို Liမင်းသမီး စိတ်မရှိရင် ကျွန်မအစေခံတွေကို သွားခေါ်ပေးပါ့မယ်... "
သူမ မျက်မှောင်ကြုတ်သွားပြီး Jennieကို အေးစက်စက်ကြည့်လာသည်။
" ငါ ဒဏ်ရာရနေတာ တခြားသူတွေ မမြင်စေချင်လို့ပဲ.... သမားတော်ကိုလည်း ဒီအကြောင်း မဖွင့်ဟဖို့ပိတ်ထားပါ.... "
Jennie ခေါင်းညိတ်ပြပြီး အလျင်အမြန် Liမင်းသမီးနားလေးကိုသွားလိုက်သည်။
သူမ စိတ်ကိုတည်ငြိမ်နိုင်အောင်ကြိုးစားလျက် Liမင်းသမီး၏ အပေါ်ထပ်အမည်းဝတ်ရုံကို ခါးစည်းကနေတစ်ဆင့် ဖြေလျော့ကာချွတ်ပေးသည်။
သူမမျက်နှာက Liမင်းသမီး၏ လည်ပင်းနားမှာ ရောက်နေသည်မို့ ထိုလည်ပင်း၏ နူးညံ့ဖွယ် အသားအရည်ကို တစ်ချက်တစ်ချက် ခံစားမိနေသည်။သူမ မျက်နှာတစ်ခုလုံး ပူနွေးလာသည်ဟုထင်မှတ်ရ၏။
" ရပြီ ကျန်တာကိုယ့်ဘာသာ ဆက်လုပ်လိုက်မယ် "
Jennie သူမကိုရင်ခုန်အောင်လုပ်နေသောကိုယ်မှ ခွာယူကာ Liမင်းသမီး၏ မျက်မှောင်ကြုတ်နေပြီး တည်တင်းနေသော မျက်နှာကို မျက်လုံးလှန်ကြည့်လိုက်သည်။
YOU ARE READING
𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉
Romance" ကျွတ်! ကျွတ်!ငါရောက်နေတာဘယ်နေရာလဲ ငါအခု အိမ်မှာရှိနေရမှာ မဟုတ်ဖူးလား? " " အားးး!! ငါအခု glဝတ္ထုထဲကို ရောက်သွားတာလား " " အားးးးးး!!!! ငါအခုမြင်နေရတာ ငါ့အသဲလေး Lisa manobanလား " ZawGyi+Unicode Lisa X Jennie Chaeyoung X Jennie JisooX Jennie ♥️Jenlis...