CTML-17

1.2K 152 18
                                    

Unicode

Chaeyongက Liမင်းသမီးနဲ့ မေ့မြောသွားတဲ့Jennieတို့ ပါဆောင်သွားတဲ့ မြင်းကိုတစ်ချက်ကြည့်ပြီး လုပ်ကြံသူ‌တွေဘက်ကို ပြန်ကြည့်လိုက်တယ်။သူမရဲ့မျက်လုံးတွေက မှိုင်းညို့နေပြီး အေးခဲတောက်လောင်လွန်းလှတယ်။

ဓားရိုးကိုကိုင်ဆောင်ထားတဲ့ သူမရဲ့လက်ချောင်းတွေကြားထဲမှတစ်ဆင့် ပူနွေးစိုစွတ်နေတဲ့သွေး‌‌စေးတွေဟာ စီးဆင်းလာပြီး မြေကြီးပေါ်သို့ သက်ဆင်းကုန်သည်။ချွန်ထက်နေသည့် ဓားသွားရိုးထိပ်ဖျားမှာလည်း နီ‌စွေးနေတဲ့သွေးစက်တစ်ချို့ ကပ်ညှိနေလေတယ်။

သူမက ဓားလက်ကိုင်ရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ထိုလုပ်ကြံရေးသမားတွေဆီသို့ လျှပ်စီးတစ်ကြောင်းလို ပြေးဝင်သွားတော့သည်။

သူမဟာ လူအုပ်ကြီးထဲသို့ဝင်ပြီး သူမရဲ့ဓားကိုလျင်မြန် ရက်စက်စွာ ဝှေ့ယမ်းပစ်လိုက်တော့တယ်။

သတ်ချင်တယ် အားလုံးကို သတ်ပစ်လိုက်ချင်တယ်....
သတ်ပစ်မှာ ဟုတ်တယ် တစ်‌ယောက်မှအသက်မရှင်အောင် သတ်ပစ်မယ်.....

သူမကလွဲ ဘယ်သူမှ Jennie.. ကို နာကျင်အောင်လုပ်လို့မရဖူး.....

နောက်ဆုံးတော့ လုပ်ကြံရေးသမားတွေဟာ သူတို့မျက်စိရှေ့တွင် ပုံရိပ်တစ်ခုဝင်ရောက်လာတာကိုသာ သိလိုက်ရပြီး ဘာဖြစ်လိုက်တယ်မသိလိုက်ခင်မှာပင် သူတို့၏လည်ပင်းနဲ့ ဝမ်းဗိုက်ဟာဓားသွားရာတွေ ထင်ကျန်နေခဲ့ပြီး မြေကြီးပေါ်လဲကျကုန်ကြတယ်။

သိုင်းပညာဟာ ယောကျာ်း မိန်းမရဲ့အပြင်ပိုင်းသန်မာမှုပေါ် မမူတည်ပဲ ၎င်းတို့ရဲ့ အတွင်းစိတ် သို့မဟုတ် အတွင်းဓာတ် အားအင်ပေါ်တွင်သာမူတည်လေ့ရှိတယ်။chaeyongဟာ ထိုလုပ်ကြံသူယောကျာ်းတွေနဲ့ယှဉ်ရင် သူမ၏ရုပ်သွင်ပြင်ဟာ အားနည်းပြီး နူးညံ့လှပတဲ့ မိန်းမလှလေးအသွင်ပုံ ပေါက်ရောက်၏။

သို့ပေမဲ့ သူမကိုယ်ထဲမှ အတွင်းအားတွေဟာ ထိုသူတွေထက် ပိုသန်မာပြီး ပိုကြံ့ခိုင်သည်။

သူမဒေါသထွက်နေတဲ့အခါမှာတော့ ဒါဟာ မပြောပလောက်အောင် စွမ်းအင်တွေ အထိန်းအကွပ်မဲ့ထွက်ကျလာတယ်။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now