CTML-10

1.2K 149 18
                                    

Unicode

Jennieက Liမင်းသမီးကြောင့် ဝုန်းဒိုင်းကြဲသွားတဲ့သူမရဲ့ရင်ကို လက်ဖြင့်ဖိကာ ခေါင်းငုံ့လျှောက်လာသည်။သူမကို စိတ်လှုပ်ရှားမိ စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလုံးကိုပြန်တွေးတာမိလျှင် သတိထားမိတာတစ်ခုတော့ရှိ၏။

LIမင်းသမီးနဲ့ အိမ်ရှေ့စံက အနည်းငယ်မတည့်ကြချေ။novelအရဆို ပိုအလေးပေးခံရပြီး ပိုအလိုလိုက်ခံရတဲ့အိမ်ရှေ့စံနဲ့ သာမန်မိဖုရားတစ်ဉီး၏သမီးဖြစ်တဲ့ Liမင်းသမီးတို့ရဲ့ကြားက ကွာခြားချက်ကြောင့်ပင်။အမှန်ပြောရလျှင် ထိုကွာခြားချက်ကို ခုတုံးလုပ်ပြောဆိုပြီး ချောက်ချခဲ့ကြတဲ့ နန်းတွင်းလူတစ်ချို့ကြောင့် ကလေးနှစ်ယောက်သည် ငယ်ရွယ်စဉ်ချိန်တည်းက သူစိမ်းဆန်ခဲ့ကြသည်။

" အ! "

ဘယ်ချိန်တည်းက ရပ်နေမှန်းမသိတဲ့အိမ်ရှေ့စံရဲ့နောက်ကျောနဲ့ သူမ မတော်တဆဝင်တိုက်မိသွား၏။

" နှစ်လှမ်း "

နောက်ကိုလှည့်မကြည့်ဘဲ ပြောလာသော အိမ်ရှေ့စံ၏အေးတိအေးစကားသံ။

" ကိုယ်နဲ့နှစ်လှမ်းအကွာမှာ ရှိနေပေး ပြီးတော့... "

Jisooက နောက်သို့လှည့်ကာ

" ဒီနေ့ကစပြီးမင်းကို နှစ်လှမ်းလို့ ခေါ်မယ်... "

Jennie ဒီစကားကိုကြားတော့ မကြိုက်နှစ်သက်သည့်ပုံဖြင့် မျက်နှာလေးရှုံ့မဲ့သွားသည်။‌

" ဘာလို့လဲ ကျွန်မမှာ နာမည်ရှိတယ်လေ.... "

အိမ်ရှေ့စံက သူမကိုအကြည့်စူးစူးဖြင့်ကြည့်လာပြီး

" အိုးး မင်းရဲ့နာမည်ကို ကိုယ်မကြိုက်လို့ Jennie Kimဆိုတဲ့နာမည်က မင်းနဲ့မလိုက်ဘူးလို့ခံစားရတယ် "

တစ်ချိန်လုံးသတိအပြည့်ထားနေရတဲ့ Jennieက အိမ်ရှေ့စံရဲ့အပြောထဲကထူးဆန်းတဲ့တစ်ခုကို သတိထားမိသွားသည်။သူမက Jennieမှန်း ဘယ်လိုသိသွားရတာလဲ။

" အိမ်‌ရှေ့စံက ဘယ်လိုလုပ်ပြီးကျွန်မနာမည်ကိုသိနေရတာလဲ "

အိမ်ရှေ့က သူမ‌ မေးခွန်းကို ဂရုမစိုက်ဘဲ ပျင်းတိပျင်းရွဲရှေ့ဆက်သွားသည်။ထိုပျင်းတိပျင်းရွဲပုံစံက သူမရဲ့လှပလွန်းတဲ့မျက်‌နှာလေးကြောင့် ဆွဲဆောင်မှုရှိနေပြန်စေသည်။

𝖈𝖍𝖆𝖓𝖌𝖊 𝖙𝖍𝖊 𝖒𝖆𝖎𝖓 𝖑𝖊𝖆𝖉Where stories live. Discover now